4.1.2024 – Thursday Christmas Weekday - Elizabeth Ann Seton, Religious Obligatory Memorial
John 1:35-42 - ရှင်ယောဟန် ၁း၃၅-၄၂
Reflection by Rev. Msgr. Basilio Soe Lin Aung, Taungngu
Posted by Sr. Benedetta Myat Hnin Nwe (ISR)
"လာ၍ကြည့်ကြလော"တချို့သောအရာတွေမှာကိုယ်တိုင်ကြည့်၊ကိုယ်တိုင်သိ၊ကိုယ်တိုင်တွေ့ကြုံခံစားပြီးမှလက်ခံသင့်တယ်ဆိုတာဘာဘဲ။တစ်နည်းအားဖြင့်ကယ်တင်ရှင်မယ်ဆီယားကိုအမှန်တကယ်သိဘို့ခရစ်တော်နောက်သို့ ထပ်ကြပ်မကွာလိုက်ရမည်သာဖြစ်သည်။ကယ်တင်ခြင်းတရားဆိုသည်မှာသူများပြောလို့ယုံရတာထက်ကိုယ်တိုင်ထိတွေ့ခံစားနိုင်မှပို၍ခိုင်မြဲမည်ဖြစ်သည်။ခရစ်တော်နှင့်တွေ့ပြီးသွားသောအန္ဒြေးယသည် အစ်ကိုဆိုင်မွန်ကိုလည်းမှန်ကန်စွာညွှန်ပြ ဆွဲခေါ်လာနိုင်ခဲ့သည်။ဆိုင်မွန်သည်လည်း ခရစ်တော်နှင့်ကိုယ်တိုင် ထိတွေ့ရသောအခါ "ပေတြူး"တည်းဟူသော ကျောက်ဆောင်အဖြစ်သို့ ပြောင်းလဲသွားကာ ထိုကျောက်ဆောင်ပေါ်မှာ"ကက်သလစ်သာသနာတော်"တည်းဟူသော ခရစ်တော်ကိုယ်တိုင် မပျက်မစီးနိုင်သောမိမိ၏ အသင်းတော်ကြီးကိုတည်ဆောက်နိုင်ခဲ့သည်မဟုတ်ပါလော။မိတ်ဆွေသင်သည်လည်းခိုင်မြဲသောကယ်တင်ခြင်းစံအိမ်တစ်ခုတည်ဆောက်နိုင်ဘို့"လာ၍ကြည့်လော"ဟူ၍ ခရစ်တော်သခင်သင့်ကိုအစဉ်ဖိတ်ခေါ်လျက်နေလေပြီ။ခရစ်တော်ကိုကြည့်၊ခရစ်တော်ကိုသိ၊ခရစ်တော်ကိုကိုယ်တိုင်ထိတွေ့ ခံစားကာကယ်တင်ခြင်းတရားကိုအရယူနိုင်ပါစေသော်။