Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-04-07 10:13:57
#ဧပြီလ (၈)ရက်နေ့ / ကြာသပတေးနေ့ ၂၀၂၁
#အီစတာကာလပထမပတ် ကြာသပတေးနေ့
#ဧဝံဂေလိကျမ်း / ရှင်လုကာ (၂၄း ၃၅-၄၈) ထောက်ရှုချက်
#Sister Dominic Ah Paing (Sdp)
Posted by M Sulatthtwe

 

 
 
 
ခရစ်တော် အမှန်ရှင်ပြန်ကြောင်း ဧမာဦးရွာမှ ပြန်လာသော တပည့်နှစ်ဦးက အခြားတပည့်တော်များအား ပြောပြနေချိန်တွင် ခရစ်တော်က သူတို့အလယ်တွင်ရပ်လျက် (သင်တို့အား ငြိမ်သက်ခြင်း ရှိစေသတည်း) ဟု မိန့်တော်မူ၏။ (ရှင်လုကာ၂၄း ၃၆)
 
ခွန်အားနည်းသော တပည့်တော်များသည် ကိုယ်တော်ကိုမြင်လျှင် တစ္ဆေမြင်သည်ဟု ကြောက်ရွံ့ထိတ်လန့်ကြသည်။ ခရစ်တော်က (ငါ၏ လက်ခြေတို့ကို ကြည့်လော့။ အကြောင်းမူကား ငါ၌ အရိုးနှင့်အသားရှိ၏။ တစ္ဆေမူကား အရိုးနှင့်အသားမရှိ) ဟု သူတို့အား မိန့်တော်မူ၏။ တပည့်တော်များက ခရစ်တော် အမှန်ဖြစ်သည်ဟု ဝမ်းမြောက်ကြသော်လည်း အပြည့်အ၀ ယုံနိူင်ခြင်း မရှိသေးသောကြောင့် ခရစ်တော်က သင်တို့၌ စားစရာ တစ်စုံတစ်ခုရှိသလော ဟုမေးသော် သူတို့က ငါးကင်တစ်ပိုင်းကို ပေးသဖြင့် ကိုယ်တော်သည်ယူ၍ သူတို့ရှေ့တွင် စားပြတော်မူ၏။
တပည့်တော်များအား ကျမ်းချက်နားလည်ရန် ခရစ်တော် ဉာဏ်ဖွင့်ပေးပြီးနောက် ကျမ်းစာတော်မြတ်၌ ရေးသားထားသော ခရစ်တော်သည် ဒုက္ခခံထမ်းပြီး သုံးရက်မြောက်သောနေ့၌ သေသူတို့အစုမှ ရှင်ပြန်ထမြောက်ရမည်။ ခရစ်တော်၏ အခွင့်အာဏာဖြင့် နောင်တတရားနှင့် အပြစ်လွတ်ခြင်းတရားကို ယေရုဆလင်မြို့မှစ၍ လူမျိုးတကာအား ဟောပြောရမည် ဟူသော အချက်ကို သူတို့သဘောပေါက် နား လည်လာကြသည်။
 
ထို့ကြောင့် အမိကက်သလစ်အသင်းတော်က ရှင်ပေတရု အရိုက်အရာကို ဆက်ခံလာသော ရဟန်းမင်းကြီး၏ ခွင့်ပြုချက်ဖြင့် အာပတ်ဖြေခြင်း (အပြစ်ခွင့်လွတ်ခြင်း မင်္ဂလာ)ကို သမ္မာကျမ်းစာ အကြံပေးချက်နှင့်အညီ ဆက်လက်ကျင့်သုံးခြင်း ဖြစ်သည်။ သို့သော် နောင်တမပါသော အာပတ်ဖြေခြင်းသည် အကျိုးမရှိသဖြင့် ကောင်းသော အလင်းသားသမီးများ ဖြစ်ကြရန် ဘုရားသခင်နှင့် လည်းကောင်း၊ နီးစပ်သူနှင့်လည်းကောင်း သင့်သင့်မြတ်မြတ်ရှိရန် အစဉ်အားထုတ်ကြရမည်။
 
#Sister Dominic Ah Paing (Sdp)
Daily Reflection