Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-04-10 09:44:57
#ဧပြီလ (၁၀)ရက်နေ့ / စနေနေ့ ၂၀၂၁
#အီစတာကာလပထမပတ်စနေနေ့
#ဧဝံဂေလိကျမ်း / ရှင်မာကု (၁၆း ၉-၁၅) ထောက်ရှုချက်
#Sister Dominic Ah Paing (Sdp)
Posted by M Sulatthtwe
မာရိယားမာဒလေးနာသည် သူမထံမှ ခရစ်တော်က နတ်ဆိုးခုနှစ်ကောင် နှင်ထုတ်ပေးခဲ့ဖူးသူ ဖြစ်သည်။ (ရှင်မာကု ၁၆း၉) လူသားအားလုံးသည် အသွေးအသား၊ လောက၊ နတ်ဆိုးတို့၏ နှောက်ယှက်ခြင်းကို အမြဲတိုက်ခိုက်နေရသည်။ မာရိယား မာဒလေးနာသည် ခရစ်တော်နှင့် မတွေ့ခင်က အမှားအမှန်၊ အကောင်းအဆိုးကို သူမစိတ်မဝင်စား၊ သူမ၏ ကာယလှပခြင်း၌သာ သူမသာယာခဲ့သည်။ ဝိညာဉ်ကယ်တင်ခြင်းအတွက် သူမနားမလည်ခဲ့။ ခရစ်တော်၏ကြီးမားသော ခွင့်လွတ်ခြင်းကို ခံရခြင်းကြောင့် သူမဘ၀ဝိညာဉ် ကယ်တင်ခြင်းလမ်းကို ရှာတွေ့ခဲ့သည်။
 
အပြစ်ရှိသော လူသားအားလုံးကို ဘုရားက သနားသည်။ သို့သော် ဘုရား၏သနားခြင်း၊ ခွင့်လွတ်ခြင်း ကို အခွင့်ကောင်းယူကာ မိမိကိုယ်ကို နှစ်သိမ့်ပြီး ပါရမီလမ်းပေါ် မလျှောက်ပါက လူဖြစ်ရှုံးမည် ဖြစ်သည်။ စာရေးဆရာတစ်ဦးက ကောင်းမှုတစ်ခု နေ့စဉ်ပြုပါက တစ်နှစ်ကုန်လျှင် ကောင်းမှု ၃၆၅ ခါရမည်ဟု လူငယ်များကို ဟောပါသည်။ အသက်ကြီးပြီး ပါရမီကျင့်ဆောက်တည်ခြင်း၌ မိမိအားနည်းသည်ကို ဝန်ခံရပါမည်။
 
ရှင်ပြန်ထမြောက်သော ခရစ်တော်ဘုရားက လောကီနိုင်ငံ အရပ်ရပ်သို့ သွား၍ ဝေနေယျသတ္တဝါတို့အား ဧဝံဂေလိတရားဟောရန် ကျွန်ုပ်တို့အား တာဝန်ပေးပါသည်။ ကျွန်ုပ်တို့၌ တန်းခိုးကြီးသောစိတ်၊ ချစ်တတ်သောစိတ်ကို ထည့်ထားပေးပြီ ဖြစ်သည်။ ကိုယ်တော်မြတ်ကို ပင့်ယူသောသူအားလုံး ဘုရားကိုယ်ပွါးများ ဖြစ်ကြပါသည်။ ထို့ကြောင့် ဘုရားနှင့်မဆိုင်သော အရာများ ထဝရအသက်နှင့် မဆိုင်သော အရာများကို ရှောင်ရှားကြပါစို့။
 
#Sister Dominic Ah Paing (Sdp)

 

 
 
 
Daily Reflection