အစဉ်အလာကြီးမားစွာ အာဏာတန်ခိုးလွဲခြင်း ခံရသောရဟန်းများကို ရိုသေခြင်း ရှိကြရမည်။ ရဟန်းများသည် စွမ်း၍ တော်၍ ရထားသော တန်ခိုးမဟုတ်၊ အာဏာလွဲခြင်း ခံရသောကြောင့် အာဏာတည်ခြင်း ဖြစ်သည်။ လက်တင်ခြင်းအာဏာကို ကောင်းစွာအသုံးချလျှင် လူတွေမယုံနိူင်သော တန်ခိုးအဆန်းအပြားများ ဘုရားထပ်မံ ဖြည့်ပေးမည် သေချာသည်။ ရဟန်းတိုင်းအား ဘုရားက ကြီးမားသော စွမ်းပကားနှင့်ကျေးဇူးကို ပေးသည်။ ထို့ကြောင့် မိသားစုတွင် အခက်အခဲများ ရှိသောအခါ၊ မကျန်းမာသောအခါ၊ စာမေးပွဲဖြေခါနီးသောအခါ၊ ခရီးသွားခါနီးသောအခါ စသည်ဖြင့် ဝိညာဉ်ဆရာဝန်ဖြစ်သော ရဟန်းများထံ ကောင်းကြီးခံပါက ထူးခြားသော အကျိုးကျေးဇူးများ ခံစားရမည် ဖြစ်ပါသည်။ ရဟန်းတော်များအတွက် ဆက်လက်ဆုတောင်း ကြပါစို့။
#Sister Dominic Ah Paing (Sdp)