#ဧပြီလ (၁၃)ရက်နေ့ / အင်္ဂါနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်ယောဟန် (၃း ၇-၁၅)
#Sister Dominic Ah Paing (Sdp)
Posted by M Sulatthtwe
ကျွန်ုပ်တို့သည် များသောအားဖြင့် ဇာတိပါကတိနှင့် ဝိညာဉ်ပါကတိကို မခွဲခြားတတ်ကြပေ။ စိတ်ထဲက ဖြစ်ချင်တာနှင့် ခန္ဓာကိုယ် လိုအပ်တာကိုသာ ဖြည့်စွက်ရန် နေ့စဉ်ကြိုးစား အားထုတ်ကြသည်။ ဝိညာဉ်ရေးမူကား တာဝန်ကျေ၊ လူမြင်ကောင်းယုံသာ နှမ်းဖြူးတတ်ကြသည်မှာ အားရဘွယ်ရာ မရှိလှပေ။
လေတိုက်သံကို ကြားရသော်လည်း မည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့ သွားသည်ကို သင်မသိ။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသူသည် ထိုသို့ဖြစ်၏။ (ရှင်ယောဟန် ၃း၈)
များသောအားဖြင့် ဝိညာဉ်တော်ဘုရား၏ လှုံ့ဆော်ခြင်းသည် မိမိသဘောထားနှင့် ဆန့်ကျင်သည်။ မိမိစိတ်ကို အလိုလိုက်ခြင်းသည်သာ အမှန်ဟု လွယ်လွယ်ယူဆ ကြကုန်သည်။ ၂၁ရာစုမှာ အသင်းတော်အတွက် ဆယ်ကျော်သက် သူတော်စင် ကားလိုအကွတ်တီ၏ စွမ်းဆောင်ခြင်း၊ အသက်ရှင်ခြင်းကို အားကျရမည် ဖြစ်သည်။ အင်တာနက် ရေစီးကြောင်းတွင် လူတိုင်းမျောပါခြင်းကို အခွင့်ကောင်းယူကာ ကိုယ်တော်မြတ် မင်္ဂလာတော်၌ ခရစ်တော် ကိန်းဝပ်တော်မူကြောင်းကို အချိန်နှင့်အမျှ ဝိရိယစိုက် အားထုတ်လုပ်ဆောင်ခြင်းသည် ဝိညာဉ်တော်ဘုရား၏ လှုံ့ဆော်မှုအတိုင်း အမိအရ လိုက်လျောက်ခြင်း ဖြစ်သည်။
ဝိညာဉ်သည် မမြင်နိူင်၊ မကိုင်တွယ်နိူင်သော လေနှင့်တူသည်။ လေအားကြီးလျှင် လေပြင်းတိုက်သကဲ့သို့ ဝိညာဉ်ရေး အားကြီးလျှင် စွမ်းအားရှင် ဘုရားကိုယ်ပွါးများဖြစ်နိုင်သည်။ တန်ခိုးကြီးတော်မူသောဘုရား၊ အားလုံးစုံကို တတ်နိူင်တော်မူသောဘုရား၊ ကျွန်ုပ်တို့၌ ဝိညာဉ်တန်ခိုး၊ ယုံကြည်ခြင်းတရား၊ တိုးပွါးစေ တော်မူပါ။ သို့မှသာ ကိုယ်တော်အား ချစ်ခြင်းအားကြီးပြီး ကောင်းစွာသက်သေခံနိူင်မည်၊ အစေခံနိူင်မည် ဖြစ်သည်။
#Sister Dominic Ah Paing (Sdp)