Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-04-13 09:43:32
#ဧပြီလ (၁၄)ရက်နေ့ / ဗုဒ္ဓဟူးနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်ယောဟန် (၃း ၁၆-၂၁) ထောက်ရှုချက်
#Sister Dominic Ah Paing (Sdp)
Posted by M Sulatthtwe

 

လူသားအားလုံး ဝမ်းစာအတွက် အလုပ်ကိုယ်စီ ရှိကြသည်။ မိမိလုပ်နေသော အလုပ်သည် နောင်ရေးအတွက် အာမခံချက် အပြည့်အ၀ရှိပြီး စိတ်တိုင်းကျသည့် အလုပ်ဖြစ်လျှင် အလုပ်တွင် ပျော်ရွှင်ပြီး မိမိအလုပ်ကို ဂုဏ်ယူသည်။ အလုပ်၏ဂုဏ်ကြောင့် လူသည်လည်း သိက္ခာရှိသည်။ ခရစ်တော်အား ယုံကြည်သော ကျွန်ုပ်တို့ အားလုံးသည်လည်း ဂုဏ်သိက္ခာရှိသော နောင်ဘဝအတွက် အာမခံချက်ရှိသော လူသားများ ဖြစ်သည်။
အကြောင်းမူကား ဘုရားသခင်သည် ဤလောကသားကို အပြစ်စီရင်ခြင်းငှါ သားတော်အား လောကထဲသို့ စေလွတ်တော်မူသည်မဟုတ်၊ သားတော်အားဖြင့် ဤလောကသည် ကယ်တင်ခြင်း ခံရစေရန် စေလွတ်တော်မူသည်။ (ရှင်ယောဟန်၃း၁၇)
ဘုရား၏ချစ်ခြင်းနှင့် ခွင့်လွတ်ခြင်းသည် အကန့်အသတ် မရှိပါ။ အပြစ်သား ကျွန်ုပ်တို့ကသာ လဲကျပြီးလျှင် ပြန်ထရန်၊ အမှားကို ဝန်ခံတတ်ပြီး ဘုရား၏သနားခြင်း၌ တိုးဝင်တတ်ရန် အရေးကြီးသည်။ ဘုရားသခင်သည် နိမ့်ချသော စိတ်ထားကို နှစ်သက်သည်။ ကျွန်ုပ်တို့အားလုံး လူ့ပြည်တွင် ကောင်းသောအသက်ရှင်ခြင်းဖြင့် အားထုတ်ကြိုးစားရင်း ဘုရား၏ဂတိစကား မိန့်မှာချက်များကို အမြဲသတိယကြပါစို့။ မသေနိူင်သော ကျွန်ုပ်တို့ဝိညာဉ်ကို ဘုရားလက်တော်၌ အမြဲအပ်ထား ကြပါစို့။ ကမ္ဘာမြေကြီးသည် ကျွန်ုပ်တို့၏ ခဏနားခိုရာ ယာယီအိမ် ဖြစ်သည်။ ထာဝရအိမ်တော်သို့ ပြန်ရောက်နိူင်ရန် အတွင်းစိတ် ချည်နှောင်ခြင်းများကို ဖြေလွတ်ကြရမည်။ နှိမ့်ချသော နှလုံးသားဖြင့် လူသားများကို ဖန်ဆင်းသော အသက်သခင် ဘုရားရှင်ကို 
အမြဲဆုတောင်းရမည်။ ဘုရားရှင်၌ ဆိတ်ကွယ်ရာ မရှိသဖြင့် ကျွန်ုပ်တို့၏အိပ်ခြင်း၊ ထခြင်း၊ လှုပ်ရှားခြင်း အားလုံးသည် တန်ခိုးတော်ရှင် ဘုရားမျက်မှောက်တွင် ထင်ရှားလျက် ရှိသည်။
 
ထို့ကြောင့် ပါစီမြို့မှ သူတော်စင်မ မက်ဒလင်းက အများရှေ့ မလုပ်ရဲသောအရာကို ကွယ်ရာမှာလည်း မလုပ်နဲ့ဟု သန့်ရှင်းခြင်းလမ်းကို လျှောက်လှမ်းသော ဘုရားသားသမီး လူပုဂ္ဂိုလ်တိုင်းအား သတိပေးထားပါသည်။
 
#Sister Dominic Ah Paing (Sdp)
 
 
 
 
Daily Reflection