ခမည်းတော်သည် သားတော်ကို ချစ်မြတ်နိုး၍ အရာခပ်သိမ်းတို့ကို သားတော်၏ လက်တွင်အပ်၏။ သားတော်၌ ယုံကြည်သောသူသည် ထာဝရ အသက်ရ၏။ (ယောဟန် ၃း ၃၅)
အလုပ်ရှင်များက ကောင်းသောဝန်ထမ်း၊ သစ္စာရှိသောဝန်ထမ်းကို ရှာသကဲ့သို့ ဝန်ထမ်းများကလည်း ကောင်းသောအလုပ်ရှင်၊ သစ္စာရှိသော အလုပ်ရှင်ကို ရှာကြသည်။ တစ်နည်းအားဖြင့် တစ်ပါးသူက ကိုယ့်ကိုကောင်းရန်၊ သစ္စာရှိရန်၊ နားလည်ရန် ရှာခြင်းပင် ဖြစ်သည်။ ဘုရားသခင်မူကား ရယူခြင်းထက် ပေးဆပ်ခြင်းဖြင့် အသက်ရှင်ရန် အလိုရှိသည်။ သူတပါးကို ပြုစေချင်သကဲ့သို့ ကိုယ်လည်း ကြိုးစားရပါမည်။
ခမည်းတော်ဘုရားသည် သားတော်ဘုရားကို ချစ်၍ အရာခပ်သိမ်းကို သားတော်၏လက်တွင် အပ်ခြင်းသည် တာဝန်ပေးခြင်းဟု ဆိုနိူင်သည်။ ကြီးလေးသော ကယ်တင်ခြင်းတာဝန်ကို ခမည်းတော်ဘုရားက တာဝန်ပေးရာ သားတော်ဘုရားက အဆုံးတိုင် ဆောင်ရွက်ခဲ့သည်။ လူတိုင်းလူတိုင်း တာဝန်ကိုယ်စီ ရှိကြသည်။ တာဝန်ကျေအောင် အသက်ရှင်သွားသော ထင်ရှားသော၊ အတုယူထိုက်သော၊ ဘာသာရေး ခေါင်းဆောင်များ၊ နိူင်ငံရေးခေါင်းဆောင်များကို အတုယူရပါမည်။ (ကျွန်ုပ်၌ မည်သည့်တာဝန်ကို ဘုရားပေးပါသနည်း။)
ဆေးကြောခြင်း ခံယူပြီးသော ဘုရားသားသမီး အားလုံး၏ နဖူးပြင်ပေါ်တွင် ဘုရားက တံဆိပ်ထုထားသည်။ ဘ၀ပေးအခြေအနေကြောင့်၊ အိမ်ထောင်ရေး အခြေအနေကြောင့်၊ အသင်းတော်နှင့် ဝေးကွာတတ်သော်လည်း ဘုရားသားသမီး အဖြစ်ခံ ယူထားသော တံဆိပ်ကို မည်သူမျှ ဖျက်ပစ်နိူင်မည် မဟုတ်ပါ။ သာမန်ဘုရားသားသမီးများ အားလုံးအတွက် ဘုရားပေးတာဝန်က -ဘုရားပညတ်တော် (၁၀)ပါး၊ အသင်းတော် ကျင့်ဝတ်(၆)ပါးကို စောင့်ရှောက်ရမည် ဖြစ်သည်။ ၎င်းပြင် ဘုရားသခင်သည် သူဖန်ဆင်းထားသော လူသားအားလုံးကို အသက်ပေးပြီး ချစ်သည်ကို အမြဲသတိယလျက် တစ်ပါးသူအား ချစ်တတ်ခြင်း၊ ခွင့်လွတ်တတ်ခြင်း၊ ကူညီတတ်ခြင်း၊ စိတ်ကိုမွေးခြင်းဖြင့် ဘုရားသားသမီး ပီသစွာ အသက်ရှင်ကြရမည်။
#Sister Dominic Ah Paing (Sdp)