Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-04-17 09:46:44
#ဧပြီလ (၁၈)ရက် / တနင်္ဂနွေနေ့ ၂၀၂၁
#ပါစကားတတိယတနင်္ဂနွေနေ့
#ဧဝံဂေလိကျမ်း / ရှင်လုကာ (၂၄း ၃၅-၄၈) ထောက်ရှုချက်
#Sister Dominic Ah Paing (Sdp)
Posted by M Sulatthtwe
“သင်တို့၌ ငြိမ်သက်ခြင်း ရှိစေသတည်း”ဟု သူတို့အား မိန့်တော်မူ၏။ (လုကာ ၂၄း ၃၆) ယေဇူးဟူသော ခရစ်တော် လက်ဝါးကပ်တိုင်တွင် အသတ်ခံရသည့် သတင်းသည် ဂျေရုဆလင်မြို့ နှင့် အနီးတဝိုက်လုံးကို တုန်လှုပ်သွားစေသည်။ သခင်ဘုရား၏နှလုံးကို လှံနှင့်ထိုးဖေါက်သော လူတစ်ရာတပ်မှူးကိုယ်တိုင် “ခရစ်တော်သည် ဘုရားဖြစ်သည်” ဟု သက်သေခံသဖြင့် လူအားလုံးကို ပို၍တုန်လှုပ်စေသည်။ ဘာသာရေးခေါင်းဆောင်များ၊ အာဏာပိုင်များလည်း စိုးရိမ်ထိတ်လန့် ကြကုန်သည်။
 
တပည့်တော်ကြီးများမူကား သခင်မရှိသဖြင့် ဝမ်းနည်းသည်က တစ်ကြောင်း၊ မိမိတို့ အသက်ဘေးအတွက် စိုးရိမ်သည်က တစ်ကြောင်းကြောင့် စိတ်ပူပင်လျက် ပုန်းနေကြရသည်။ သခင်ထမြောက်ကြောင်း အချင်းချင်းပြောနေစဉ် သူတို့အလယ်တွင် ခရစ်တော် ပေါ် လာပြီး “သင်တို့၌ ငြိမ်သက်ခြင်း ရှိစေသတည်း” ဟု ကောင်းကြီးစကားနှင့် နှုတ်ဆက်သည်။ နိူင်ငံတိုင်း၊ အဖွဲ့အစည်းတိုင်း၊ မိသားစုတိုင်း၊ လူတစ်စုံတစ်ဦးစီတိုင်း၌ ငြိမ်သက်ခြင်းရှိမှသာလျှင် ဘဝတွင် တိုးတက်ကြီးပွါး အောင်မြင်နိူင်မည် ဖြစ်သည်။ ရှင်ပြန်ထမြောက်သော ခရစ်တော်သည် စိုးရိမ်ပူပန်နေသော ကျွန်ုပ်တို့တစ်ဦးစီအား “ငြိမ်သက်ခြင်း ရှိပါစေ”ဟု နှုတ်ဆက်နေပါသည်။   
 
ကျွန်ုပ်တို့၏သခင်၊ ကျွန်ုပ်တို့၏ဘုရား၊ အမိမြန်မာနိူင်ငံတော်ကြီးအား ငြိမ်သက်ခြင်း ပေးတော်မူပါ။ မြန်မာပြည်သူ ပြည်သားတို့၏ ပါးပြင်ကမျက်ရည်ကို သုတ်ပေးတော်မူပါ။ အုပ်ချုပ်သော သူများစိတ်၌ အမှန်တရား၊ ကိုယ်ချင်းစာနာခြင်း၊ ငြိမ်သက်ခြင်း ရှိစေတော်မူပါ။ မတရားချုပ်နှောင်ခံရသူ အားလုံးကို ဖြေလွတ်ပေးတော်မူပါ။ သေဆုံးကုန်သော အပြစ်မဲ့ပြည်သူ များ၏ ဝိညာဉ်များကို သနားတော်မူပါ။ မြန်မာနိုင်တော်ကြီးအား ငြိမ်းချမ်း ဖွံ့ဖြိုး စေတော်မူပါ။ အာမင်။
 
#Sister Dominic Ah Paing (Sdp)

 

 
 
 
Daily Reflection