Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-04-21 09:30:51
#ဧပြီလ (၂၂)ရက် / ကြာသပတေးနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်ယောဟန် (၆း ၄၄-၅၁) ထောက်ရှုချက်
#Sister Dominic Ah Paing (Sdp)
Posted by M Sulatthtwe

ဘုရားသခင်ထံ ကြွလာသော သူမှတစ်ပါး မည်သူမျှ ဘုရားကို မြင်ဖူးသည် မဟုတ်၊ သူသာလျှင် ဘုရားကို မြင်ဖူးခဲ့၏။ (ရှင်ယောဟန် ၆း ၄၆)

လူ့လောကတွင် အတတ်ပညာ အမျိုးမျိုးရှိသည်။ အနုပညာ၊ စက်မှုပညာ၊ လက်မှုပညာ စသည်ဖြင့် မိမိဝါသနာကြီးရာကို ရွေးချယ်ပြီး အသက်မွေးကြသည်။ မည်သည့်အလုပ်ကိုမဆို မိမိဝါသနာရှိရုံနှင့် အလိုအလျောက် ကျွမ်းကျင်သွားသည်ဟု မရှိပါ။ မိမိထက်ဝါရင့်သော အထက်လူကြီး၊ ဆရာသမားများ၏ အဆုံးအမ အကွပ်အကဲတွင် စနစ်တကျ ကျိုးနွံချဉ်းကပ်ပြီး နည်းနာယူကြရသည်။ နာမည်ကြီးသော ဆရာများထံ သင်ကြားရလျှင် ဂုဏ်ယူကြသေးသည်။ ပြည်သူ့အချစ်တော် သရုပ်ဆောင်တစ်ဦးကကားရိုက်တဲ့အခါ ဒါရိုက်တာ စိတ်တိုင်းမကျလို့ တစ်ကွက်ထဲကို အခါခါ ပြန်ရိုက်ရတာ နင်းထားတဲ့မြေတောင် ချိုင့်သွားတယ်။ အခု ဒါရိုက်တာကို ကျေးဇူးတင်တယ်ဟု ရုပ်ရှင်လောကတွင် နေရာတစ်ခု ရသွားသောအခါ ပရိတ်သတ်အား ပြောပါသည်။

ဘုရားသားသမီး ဖြစ်ခြင်းသည် နာမည်ကြီး ကျော်ကြားရန် မလိုပါ။ ခရစ်တော်က အပြစ်သားများ၊ ဆင်းရဲသားများ၊ အပယ်ခံသူများ၊ လူနာများ၊ ဒုက္ခသည်များ၊ မိဘမဲ့များ၊ မုဆိုးမများကို မျက်နှာသာ ပေးပါသည်။ ရိုးသား ကြိုးစားခြင်းကို ဘုရား နှစ်သက်သည်။ သေးငယ်သော အရာကို ကြီးမားသော ချစ်ခြင်းဖြင့် လုပ်ဆောင်ရန် ဘုရားအလိုရှိသည်။ ခရစ်တော်ကို လက်တွေ့ အစေခံသော Mother ထရေဇားသည် ပိန်ပိန်လျလျ ကိုယ်ခန္ဓာနှင့် ဘုရား၏ အဆုံးအမကို လက်တွေ့ကျင့်ဆောင်သဖြင့် သူ့စွမ်းအားဖြင့် မဖြစ်နိူင်သော အရာများစွာ လုပ်ဆောင်နိူင်သည်။

ခမည်းတော်ဘုရားထံမှ ကြွလာသော ခရစ်တော်ကို ယုံကြည်အားကိုးသဖြင့် အဆင့်အတန်း ခွဲခြားခြင်းမရှိ လူတိုင်းကို သူမချစ်ရဲသည်။ ကရုဏာလုပ်ငန်းကို ထူးခြားပြောင်မြောက်စွာ လုပ်ဆောင်နိူင်သည်။ ခမည်းတော်ထံမှ ကြွလာသော သားတော်ကို လည်းကောင်း၊ ဉာဏ်အလင်းနှင့် ခွန်အားသတ္တိကို ပေးသော ဝိညာဉ်ဘုရားကို လည်းကောင်း ယုံကြည်အားကိုးသည့်အပြင် ဘုရား မယ်တော်ကို အလွန်အားကိုးကြောင်းလည်း သိရပါသည်။

#Sister Dominic Ah Paing (Sdp)

Daily Reflection