စာရေးဆရာ တစ်ချို့၏ စာပေဟောပြောပွဲတွင် ရှေးဟောင်း နှောင်းဖြစ်များကို နေရာ၊ ဒေသ၊ ရက်စွဲအတိအကျ မှတ်မိပြီး ပြန်ဝေမျှနိူင်ကြသည်။ ခေတ်တစ်ခေတ်၏သီချင်း၊ ကဗျာတိုတိုထွာထွာများ ကိုလည်း ပရိတ်သတ်အား ဆိုပြနိူင်ခြင်းသည် မိမိဝါသနာပါသော စာပေကို ပို၍ရသမြောက်စေပါသည်။
ခရစ်တော်ဘုရား (၃)နှစ်သာ ဒေသနာတော်ကို ဟောပါသည်။ ခရစ်တော် သက်ရှိထင်ရှားစဉ်က အကြိမ်ကြိမ် သွားလာခဲ့သော မြို့၊ ရွာ၊ ရေအိုင်၊ ဥယျာဉ်များကို ကျမ်းစာတော်မြတ်တွင် ဖေါ်ပြထားပါသည်။ ခုတစ်ခါ ကာဖာနာအုမ်ဟူသော မြို့၏တရားဇရပ်တွင် ခရစ်တော်က အဆန်းပြားဆုံး အထူးခြားဆုံး တရားကို ဟောကြားသည်မှာ “ငါ၏အသားကို စား၍ ငါ၏သွေးကို သောက်သောသူသည် ထာဝရအသက်ကို ရ၏။ ငါသည်လည်း ထိုသူကို နောက်ဆုံးသောနေ့တွင် ရှင်ပြန်ထမြောက်စေမည်။ အကြောင်းမူကား ငါ့အသားသည် စားစရာမှန်၏၊ ငါ၏သွေးသည်လည်း သောက်စရာမှန်၏။ ငါ့အသားကိုစား၍ ငါ့၏သွေးကို သောက်သောသူသည် ငါ၌တည်နေ၏။ ငါသည်လည်း ထိုသူ၌တည်၏။
ဘုရားအသား၊ ဘုရား၏သွေးနှင့် လူတိုင်းအတွက် ကယ်တင်ခြင်း ပေးသော်လည်း အားလုံး လက်ခံနိူင်စွမ်း မရှိကြ။ ဘုရားကို မှီဝဲသဖြင့် သူတော်စင် သူတော်မြတ်အဖြစ် ကောင်းကင်သုခကို ခံစားရသောလူ အများအပြားရှိသည်။ ထိုသူတော်သူမြတ်တို့သည် ကောင်းကင်သုခကို လွယ်လွယ်နှင့် ဆွတ်ခူးရခြင်း မဟုတ်ခဲ့ပေ။ ကောင်းသောပစ္စည်း လိုချင်လျှင် ၎င်းနှင့် ထိုက်တန်သော ဈေးနှုန်းဖြင့် ပေးဝယ်ရသကဲ့သို့ ရွှေခင်းလမ်းဖြစ်သော ဘုရားနိူင်ငံကို ပြန်ရောက်ရန် ကောင်းသောစိတ်၊ မြတ်သောအကျင့်၊ ဖြူသောသီလဖြင့် အသက်ရှင်နိူင်ရန် ကြိုးစားရပါသည်။
#Sister Dominic Ah Paing (Sdp)