အသက်(၄၀)ကျော်မှ ဘာသာတရားကို ပိုသိလာရတယ်ဟု နိူင်ငံ့ခေါင်းဆောင် ပြည်သူ့အမေက ပြောဖူးပါသည်။ ဘာသာတရားသည် လူကိုတည်ငြိမ် ရင့်ကျက်မှု ရှိစေသည်။ ယေဘူယျအားဖြင့် ကောင်းသောလူ၊ ကောင်းသောအဖွဲ့အစည်း၊ ကောင်းသောစနစ် ဖြစ်လာရန် အခက်အခဲ ဖြတ်ကျော် ကြရသည်။ အကောင်းဆုံး ကြိုးစားခြင်းသည် အောင်မြင်ခြင်း ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့ရရှိသော အကျိုးရလဒ်ကို မရေတွက်ပါ။ ကျွန်ုပ်တို့ ကြိုးစားအားထုတ်ခြင်းကိုသာ ကောင်းကြီးပေးပါသည်။
ခရစ်တော်က “ငါသည် ကောင်းသော သိုးထိန်းဖြစ်၏။ ငါ့ခမည်းတော်သည် ငါ့ကိုသိတော်မူ၍ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့ ငါ၏သိုးတို့ကိုလည်း ငါသိ၏။ ငါသည် သိုးများအတွက် အသက်စွန့်၏။ ဤသိုးတွင် မပါဝင်သော အခြားသိုးများ ငါ၌ရှိ၏။ ထိုသိုးများကိုလည်း ငါခေါ်ဆောင်ရအုံးမည်။ သူတို့သည် ငါ့အသံကို နားထောင်ကြလိမ့်မည်။ ဤသို့ဖြင့် သိုးစုတစ်ခု သိုးထိန်းတစ်ပါးတည်း ဖြစ်လည်။”
သိုးထိန်းတစ်ပါးတည်း၏ လက်အောက်တွင် ရှိကြသော သိုးများသည် သိုးထိန်း၏ လွမ်းမိုးမှုကြောင့် တူညီသော အကျင့်စရိုက်များ ရှိသည်။ သဘောထားကြီးခြင်း၊ ရက်ရောခြင်း၊ အလုပ်ကြိုးစားခြင်း၊ ဘုရားသခင်ကို ချစ်ကြောက်ရိုသေခြင်း၊ ခြိုးခြံတတ်ခြင်းတို့၌ ဘုရားသိုးစုဝင်များ ကျင့်ကြံကြသည်။ ဘုရားသားသမီးများ ချမ်းသာသောကြောင့် မဟုတ်ပါ၊ သိုးစုဖြစ်သော ဘုရားသားသမီးများ၏ ခြိုးခြံဆုတောင်းခြင်းကြောင့် အသင်းတော်ကြီး တိုးတက်ပွါးများလာသည်။ မိမိစိတ်ကိုသာ အလိုလိုက်၍ အကြိုက်ဆောင်နေလျှင် ယုံကြည်ခြင်းကို သက်သေခံရာလည်းမရောက်၊ လူသားအတွက် အသေခံပေးသော ဘုရား၏ သေခြင်းသည်ကိုလည်း ကျွန်ုပ်တို့မလေးစားရာ ဖြစ်သည်ကို နားလည်ကြသည်။
#Sister Dominic Ah Paing (Sdp)