သူသည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်၍ ထုတ်ဆောင်၏။ (ယောဟန် ၁၀း ၃) မိဘများသည် မိမိတို့ရင်သွေးများ မွေးဖွားလာသောအခါ မည်သို့ နာမည်ပေးရမည်ကို အချိန်ယူ စဉ်းစားကြသည်။ နှစ်သက်သောနာမည်ကို ကင်ပွန်းတပ်ပြီးနောက် အိမ်နာမည်ဆိုပြီး မိသားစုကသီးသန့် ချစ်စနိုးနာမည် ပေးကြပါသေးသည်။ ဆေးကြောခြင်း ခံယူပြီးသော ဘုရားသားသမီးတိုင်း အသစ်သော နာမည်ရကြသည်။ တစ်ချို့က နာမည်မလှသဖြင့် ရှက်သည်ဟု ကြားဖူးပါသည်။ အမှန်အားဖြင့် နာမည်လှသည်ဟုလည်း မရှိပါ။ မည်သည့်နာမည်မဆို လူတစ်ဦးထက် တန်ဖိုးမကြီးပါ။ သူအသက်ရှင်သော ဘ၀ပေါ်မူတည်ပြီး လှသောနာမည် မှိန်သွားနိူင်သလို မလှသောနာမည် ထင်ရှားကျော်ကြား နိူင်ပါသည်။
သမ္မာကျမ်းစာတွင် “သူသည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်၍ ထုတ်ဆောင်မည်”ဟု ဖတ်ရသဖြင့် ခရစ်တော်၏ လူသားတစ်ဦးစီအပေါ် ချစ်တတ်ခြင်း၊ ယုယတတ်ခြင်းကို ခံစားရပါသည်။ သေသူ၊ ရှင်သူ အားလုံး၏နာမည်ကို ဘုရားသခင် သိတော်မူသည်။ လူတစ်ဦးစီ မည်သည့်မျိုးရိုးက ဆင်းလာသည်ကို ဘုရားသိသည်။ ဘုရားရှေ့တွင် လူသားအားလုံး တန်ဖိုးရှိသဖြင့် မိမိကိုယ်ကို အထင်သေးခြင်း၊ မကျေနပ်ခြင်း၊ စိတ်ဓါတ်ကျခြင်းများ မရှိကောင်းပါ။ ဘုရားသားသမီး ဖြစ်ရခြင်းကို ဂုဏ်ယူရပါမည်။ ကောင်းကင်နိူင်ငံ ဘုရားပြင်ပေးသောနေရာတွင် ပြန်သွားရမည်ကိုလည်း အမြဲစိတ်စွဲနေရမည်။
ခရစ်တော်က (မိမိနာမည်)
မိုးလင်း၊ မိုချုပ် ငါ့မျက်မှောက်မှာ မင်းရှိသည်။
အိပ်ချိန်၊နိုးချိန် ငါ့မျက်မှောက်မှာ မင်းရှိသည်။
အလုပ်လုပ်ချိန်၊ အနားယူချိန် ငါ့မျက်မှောက်မှာ မင်းရှိသည်။
ငါသည် သင့်ကိုဖန်ဆင်းသဖြင့် သင့်မိဘ သင့်ကိုချစ်သည်ထက် သင့်ကိုငါချစ်သည်။ အချိန်တန်လျှင် ငါခေါ်ဆောင်မည်။ ငါ့ကိုယုံ၍ အမြဲအသင့် ရှိပါလေ။
#Sister Dominic Ah Paing (Sdp)