ထိုအခါ ဂျူးလူမျိုးတို့သည် ကိုယ်တော်ကို ဝန်းရံလျက် သင်သည် မည်မျှကြာအောင် ကျွန်ုပ် တို့၏စိတ်ကို မရေမရာ ဖြစ်စေမည်နည်း။ သင်သည် ခရစ်တော် ဖြစ်ပါလျှင် ကျွန်ုပ်တို့အား အတိအလင်း ပြောပါလော့။ ခရစ်တော်က သင်တို့အား ငါပြောဆိုပြီးလေပြီ။ သို့သော် သင်တို့မယုံကြည်ကြ။ ငါ့ခမည်းတော်၏နာမ၌ ငါလုပ်ဆောင်သော အမှုတို့သည် ငါ့ကိုသက်သေခံလျက်ရှိ၏။ (ယောဟန် ၁၀း ၂၄-၂၅)
သမ္မာကျမ်းစာ ထောက်ရှုချက်ကို ရေးသားသောအချိန်က နိုင်ငံရေး အရှုပ်အထွေးကြီး ၂ရပ် ဖြစ်ပွားချိန် ဖြစ်ပါသည်။ နိူင်ငံတစ်ခု စည်းလုံးရန် နိူင်ငံ့ခေါင်းဆောင်က တိုက်တွန်းသည်။ အဖွဲ့အစည်း စည်းလုံးရန် အဖွဲ့ခေါင်းဆောင်က တိုက်တွန်းသည်။ မိသားစု စည်းလုံးရန် မိဘက တိုက်တွန်းသည်။ Covid-19 ကာလကြီးမှာ စိတ်ထားမြင့်မြတ်သော ခေါင်းဆောင်၏လမ်းညွန်မှုဖြင့် ရက်ရောကြသော အလှူရှင်များ၊ Volunteer များ၊ ချွေးရွှဲနေသော မိုးကာအဝတ်နှင့် လူနာကိုပြုစုကြသော ဆရာဝန်၊ ဆရာမများ၊ ကျန်းမာရေးလုပ်သားများကို သမိုင်းတစ်ခေတ်တွင် မှတ်တမ်းတင်လောက်သည်။ သို့သော် စိတ်ရိုင်းဝင်သော ခေါင်းဆောင်ကြောင့် ပြည်သူတို့၏ အဖြူရောင်စိတ်ထားများ သွေးစွန်းကုန်သည်။
ခရစ်တော်သည် ဘုရားနိုင်ငံအကြောင်း ဟောပြောရင်း ရှေးရိုးစွဲ ဂျူးလူမျိုးတို့၏ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ယုံကြည်ရာအချို့ကိုလည်း တွန်းလှန်နေရသည်။ ဂုဏ်ပကာသနအဖွဲ့၊ ရာဗီအဖွဲ့၊ စည်းစိမ်၌ ယစ်မူးနေသော နိုင်ငံရေးခေါင်းဆောင်များက ခရစ်တော်ကို အငြိုးထားသည်။ ဂျူးလူမျိုးတွေကို လှည့်ဖျားသူဟု စွတ်စွဲသည်။ လောဘ၊ ဒေါသ၊ မောဟစိတ်ကြောင့် ဆင်းရဲစွာ လူ့အဖြစ်ကိုယူပြီး၊ နှိမ့်ချခြင်း၊ ပေးကမ်းစွန့်ကြဲခြင်း၊ ခွင့်လွတ်ခြင်းအကြောင်းကို ဟောသောခရစ်တော်၏ အေးမြတ်ခြင်းတရားသည် သူတို့စိတ်တွင် မစိမ့်ဝင်နိူင်ချေ။ ခရစ်တော်ကို ဖယ်ရှားပစ်ရန် ကြံစည်သည်။ ထို့ကြောင့် ခရစ်တော် အသေခံရခြင်းတွင် စိတ်ကြီးဝင်သော ဘာသာရေး ခေါင်းဆောင်များ၊ နိူင်ငံရေး ခေါင်းဆောင်များကြောင့် ဖြစ်သည်။
#Sister Dominic Ah Paing (Sdp)