Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-04-27 08:01:25
#ဧပြီလ (၂၈)ရက် / ဗုဒ္ဓဟူးနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်ယောဟန် (၁၂း ၄၄-၅၀) ထောက်ရှုချက်
#Sister Dominic Ah Paing (Sdp)
Posted by M Sulatthtwe

လောကတွင် မှားယွင်းစွာ အသက်ရှင်သောသူသည် ဉာဏ်နည်းသူ ဖြစ်သည်။ မိဘ၊ ဆရာသမား၊ နိူင်ငံခေါင်းဆောင် ဖြစ်သဖြင့် ဉာဏ်ကောင်းသည်ဟု လုံးဝမဆိုနိူင်။ သူတို့၏ မှားယွင်းစွာ လက်ဆင့်ကမ်းမှုကြောင့် စိတ်ဝမ်းကွဲခြင်း၊ အငြိုးထားခြင်းများ ဖြစ်စေတတ်ပါသည်။

ဘုရားကို ကြောက်ခြင်းထက် ဘုရားကို ချစ်ရပါမည်။ ငရဲဆိုသည်မှာ ဘုရားကို ပုန်ကန်သော သူများအတွက် နေရာတစ်ခု ဖြစ်သည်။ ဘုရားကိုချစ်၍ ကောင်းစွာ အသက်ရှင်သောသူများ ငရဲသွားရမည် မဟုတ်။ ယေဇူးသည် ကြွေးကြော်၍ မိန့်တော်မူသည်ကားငါ့ကိုယုံကြည်သော သူသည် ငါ့ကိုသာလျှင် ယုံကြည်သည်မဟုတ်။ ငါ့ကိုစေလွတ်သော သူကိုလည်း ယုံကြည်သည်။ ထို့အတူ ငါ့ကိုမြင်သောသူသည် ငါ့ကိုစေလွတ်သော သူကိုလည်းမြင်၏” ဟု မိန့်တော်မူသည်။  ငါသည် အလင်းဖြစ်လျက် ဤလောကသို့ ကြွလာပြီ။ (ယောဟန် ၁၂း ၄၄-၄၆)

ခမည်းတော်ဘုရားက ကောင်းကင်စကားကို လူသားများ နားလည်ရန် သားတော်ဘုရားအား လူ့အဖြစ်ယူစေပြီး ဟောပြောစေသည်။ သားတော်ဘုရားသည်လည်း လူတွေနားလည် သဘောပေါက်စေရန် ဥပမာများစွာပေးပြီး တရားဟောလေ့ရှိသည်။ ပွင့်လင်းတိုးတက်သော အင်တာနက်ခေတ်မှာ နှုတ်တော်ထွက်စကားကို ဘာသာရေး ခေါင်းဆောင်များက လူတိုင်း အလွယ်တကူ နာယူနိုင်ရန် လုပ်ဆောင်နေကြသောကြောင့် ဝမ်းမြောက်စွာ ကြိုဆိုရင်း အထူး ကျေးဇူးတင်ရပါသည်။ အင်တာနက် သုံးသူအားလုံး ဘုရားပေးသော မျက်စိအလင်းကို ဘုရားအတွက် ပြန်အသုံးချကြပါစို့။ သမ္မာကျမ်းစာတော်အားဖြင့် အမြဲသွန်သင်ခံရသော ယုံကြည်သူအားလုံး ဘဝ၏ အတက်အကျတိုင်းသည် ကျွန်ုပ်တို့အား ရင့်ကျက်မှု ပေးသည်ဟု လက်ခံပြီး ရဲရင့်စွာ ဘ၀ရှေ့ဆက် ကြပါစို့။

#Sister Dominic Ah Paing (Sdp)

Daily Reflection