နိူင်ငံတိုင်း၊ လူမျိုးတိုင်းတွင် ဘာသာရေးနှင့် ယဉ်ကျေးမှု ရောယှက်လျက် ရှိသည်။ မိဘ၊ ဆရာသမားကို ကန်တော့သော မြန်မာ့ယဉ်ကျေးမှုကို ဘာသာတိုင်းက လက်ခံသည်။ ဘုရင်အုပ်ချုပ်သော နိူင်ငံများတွင်လည်း ဘုရင်ကို ကန်တော့ကြသည်။ ကောင်းသော အစဉ်အလာကို ထိန်းသိမ်းရန် လူတိုင်းမှာ တာဝန်ရှိသည်။ အကြောက်တရားကို သွင်းပေးသောဝါဒသည် ချစ်၍ နားထောင်သည် မဟုတ်။ စစ်အုပ်ချုပ်သောနိူင်ငံ၌ ဘာသာတရားများတွင်လည်း I am superior, you are inferior ဟု ရှိခဲ့သည်။ အုပ်ချုပ်မှု စနစ်ကောင်းလျှင် အုပ်ချုပ်ခံ သူများလည်း ကောင်းသည်။
ခရစ်တော်၏ အုပ်ချုပ်ခြင်းကား စေခိုင်းရန်မဟုတ်၊ အစေခံရန် ဖြစ်သည်။ အကြီးဖြစ်ချင်သူသည် အများကို အစေခံရမည်ဟု သွန်သင်ထားသည်။ သမ္မာကျမ်းစာ၏ အကြံပေးချက်ကို လက်တွေ့ အကောင်အထည်ဖေါ်သော အသင်းတော်မှာ အမိကက်သလစ် အသင်းတော်ဖြစ်သည်။ သာသနာထဲတွင် များစွာသော အမျိုးသား၊ အမျိုးသမီးများ မိမိတို့၏ ဖြူစင်သောဘဝကို သာသနာတော်အတွက် လွတ်လပ်စွာ ဆက်ကပ်ရန် အစုအသင်း အဖွဲ့အစည်းများ ခိုင်ခိုင်မာမာ ရှိသည်မှာ အံ့သြဖွယ်ဖြစ်သည်။ ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူ ပါဝင်လုပ်ဆောင်ခြင်း မရှိလျှင် လူ့အစွမ်းအစနှင့် မည်သို့မျှ မဖြစ်နိူင်။
သင်တို့အား ငါဆိုသည်ကား “ငါစေလွတ်သောသူ မည်သူကိုမဆို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသော သူသည် ငါ့ကိုစေလွတ်သော သူကိုလက်ခံ၏” ဟု ခရစ်တော် မိန့်တော်မူသည်။ ဆေးကြောခြင်း ခံထားသော ယုံကြည်သူအားလုံး ဘုရားကို သက်သေခံရန် စေလွတ်ခြင်း ခံရပါသည်။ ထို့ကြောင့် မိမိအသက် ရှင်သန်နေသော ဘဝနှင့်အညီ ဘုရားကို အစေခံ၊ သက်သေခံ ကြရမည်။ ဘုရား၏ မျက်နှာတော်ကို ထောက်ပြီး အချင်းချင်း ချစ်ခင် ရိုသေကြရမည်။
#Sister Dominic Ah Paing (Sdp)