Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-11-10 09:25:38
#11st November 2020 Daily Reflection
#St. Martin of Tours
#(နေ့စဉ်ထောက်ရှုချက်များ) (လုကား ၁၇း ၁၁-၁၉)
#စစ္စတာရ်လူစီ ဇာခြည်ဦး (SPS)
#Posted by M. Su Latt Htwe

ယနေ့ ထောက်ရှုရမည့်ကျမ်းပိုဒ်သည်  ခရစ်တော်သခင်သည် အနာကြီးရောဂါသည် ဆယ်ဦးကို ပျောက်ကင်း စင်ကြယ်စေတော်မူခြင်း ကျမ်းပိုဒ်ဖြစ်ပေသည်။
လုကာ ၁၇း၁၁-၁၉ ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ကြွသွားတော်မူစဉ် ဆမာရိယနှင့် ဂါလေလေးယ နယ်စပ်တစ်လျှောက်ကို ဖြတ်သွားတော်မူ၏။ ရွာတစ်ရွာသို့ ကိုယ်တော် ဝင်တော်မူသောအခါ အနာကြီးရောဂါသည် ဆယ်ဦးနှင့်တွေ့ဆုံ၍ သူတို့သည် အဝေးတွင် ရပ်နေကြလျက် ဆရာသခင်ယေဇူး၊ အကျွန်ုပ်တို့ကို သနားတော်မူပါဟု ကျယ်လောင်သော အသံဖြင့် တောင်းလျှောက်ကြ၏။ ကိုယ်တော်သည် သူတို့ကို မြင်တော်မူသောအခါ သင်တို့သွားကြ၍ သင်တို့ကိုယ်ကို ရဟန်းတို့အား ပြကြလော့ဟု သူတို့အား မိန့်တော်မှု၏။ သူတို့သည်လည်း ရဟန်းတို့ထံသို့ သွားကြစဉ် စင်ကြယ်ခြင်းသို့ ရောက်ကြလေ၏။ ထိုသူတို့တွင် တစ်ယောက်သည် မိမိပျောက်ကင်း ချမ်းသာရကြောင်းကို မြင်သောအခါ ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ကျယ်လောင်စွာ ချီးမွမ်းလျက် ပြန်လှည့်လာ၏။ ထိုနောက် သူသည် ယေဇူး၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် ကိုယ်တော်အား ကျေးဇူးတင်လေ၏။ ဤသူသည်ကား ဆမာရီယလူမျိုး ဖြစ်၏။ ယေဇူးကလည်း ဆယ်ယောက်သော သူတို့သည် ပျောက်ကင်း စင်ကြယ်ခြင်းကို ရောက်ကြသည် မဟုတ်လော။ ကျန်သော ကိုးယောက်တို့သည် အဘယ်မှာ ရှိကြသနည်း။ ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းရန် ဤလူမျိုးခြား တစ်ဦးမှ တစ်ပါး ပြန်လာသူ တစ်ယောက်မျှ မရှိသလောဟု မိန့်တော်မှု၏။ ထို့နောက် ကိုယ်တော်က ထိုသူအား သင်ထ၍ သွားလော့။သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်တင်လေပြီဟု မိန့်တော်မှု၏။
ဤကျမ်းပိုဒ်ကို ထောက်ရှုခြင်းအားဖြင့် ရောဂါဝေဒနာမှ ကုသပျောက်ကင်းခြင်း ခံရသော ဆမာရိယလူမျိုး တစ်ဦးကဲ့သို့ ကျွန်ုပ်တို့၏ဘ၀၌ ခရစ်တော်သခင်သည် ခန္ဓာကိုယ်၏ သမားတော်၊ ဆရာသမား သာမက ကျွန်ုပ်တို့၏ မသေမပျောက်နိုင်သော ဝိညာဉ်၏ ကယ်တင်ရှင်ဘုရား ဖြစ်သည်ကို ယုံကြည်ခြင်းဖြင့် လက်ခံကာ ကိုယ်တော်ရှေ့၌ ပျပ်ဝပ်လျက် ကျေးဇူးတင် ချီးမွမ်းတတ်သည့် သားသမီးများ ဖြစ်စေရန် သွန်သင်ပေးသည့် နှုတ်ကပါတ်တရား ဖြစ်ပေသည်။
.ကျမ်းစာထဲ၌ အနာကြီးရောဂါသည် ကိုးယောက်တို့သည် ခန္ဓာကိုယ်၏ ဝေဒနာသက်သာ ပျောက်ကင်း စင်ကြယ်ခြင်းကို ခံစားရရှိခဲ့ကြသည်ကို ဖော်ပြသော်လည်း တစ်ဦးတည်းသော ဆာမာရိယလူမျိုး၏ ကျေးဇူးသိတတ်သောစိတ်၊ ဘုရား၏ဘုန်းဂုဏ်တော်ကို သက်သေခံ ချီးမွမ်းတတ်သောစိတ်၊ ဘုရား၏ရှေ့တော်၌ ပျပ်ဝပ်တတ်သောစိတ်၊ ဤစိတ်နေစိတ်ထားများအားဖြင့် သူသည် ခရစ်တော်သခင်အား ဘ၀၏ ကယ်တင်ရှင်အဖြစ် လက်ခံရရှိခဲ့သည်ကို ထောက်ရှုနိုင်ပါသည်။


ဆုတောင်းကြစို့
မေတ္တာတော်ရှင် ထာ၀ရဘုရားရှင် သားသမီးတို့၏ ယုံကြည်ခြင်းကို တိုးပွါးစေပါ။ နေ့စဉ်ဘဝအသက်တာ၌ ကျေးဇူးသိတတ်သော၊ ချီးမွမ်းသက်သေခံတတ်သော၊ ပျပ်ဝပ်ဆုတောင်းတတ်သော စိတ်နှလုံးသားကို ပေးသနားတော်မူပါမည့်အကြောင်း ကယ်တယ်ရှင် ခရစ်တော်သခင်၏ နာမတော်၌ တောင်းလျှောက်ကြပါသည်။ အာမင်

ခရစ်တော်၏အသွေးတော်၌
#စစ္စတာရ်လူစီ ဇာခြည်ဦး (SPS)

Daily Reflection