Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-04-29 08:16:55
#ဧပြီလ (၃၀)ရက် / သောကြာနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်ယောဟန် (၁၄း ၁-၁၆)
#Sister Dominic Ah Paing (Sdp)
Posted by M Sulatthtwe

ခလေးတစ်ဦးကမာမား သခင်ယေဇူးက ကောင်းကင်မှာ နေစရာအိမ် အများကြီး ရှိတယ်လို့ ပြောတယ်။ ဘယ်လိုမျိုးအိမ်လဲ” ဟု မေးပါသည်။ ခလေး၏ ကိုယ်ပိုင်အတွေးသည် လူကြီးအတွက် ထောက်ရှုစရာ ဖြစ်သည်။ ဘုရားရှုထောင့်နှင့် လူ့ရှုထောင့်က အမြဲဆန့်ကျင်သည်။ ငယ်စဉ်က ဘုရားစကားတန်းတွင် ကြားရလေ့ရှိသော ပုံပြင်ကို ပြန်သတိယမိသည်။ တစ်ခါက အလွန်ချမ်းသာ သော သူဌေးတစ်ဦးရှိသည်။ သူသေလွန်ပြီးနောက် သူ့ဝိညာဉ်က ကောင်းကင် ရောက်သောအခါ သံပေတရူးက ကောင်းကင်တံခါး ဖွင့်ပေးပြီး သူ့အား လိုက်လှဲစွာ ကြိုဆိုသည်။ ကောင်းကင်က ခမ်းနားကြီးကျယ်သော အိမ်တွေကိုကြည့်ပြီး သူပီတိဖြစ်သည်။ သူနေရ မည့်အိမ်ကို သွားရန် သံပေတရူးကိုယ်တိုင် လမ်းပြသည်။ သွားရင်းသွားရင်း အိမ်တွေ အရည်အသွေး ညံ့လာသည်။ ဆက်သွားရင်း တဲတစ်ခုရောက်သောခါဒါသူဌေးကြီး နေရမည့်အိမ်” ဟု သံပေတရူးက ဆိုသတည်း။

သခင်ယေဇူးက သင်တို့စိတ်၌ စိုးရိမ်ပူပန်ခြင်း မရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်လော့။ ငါ့ခမည်းတော်၏ အိမ်တော်၌ အခန်းများစွာရှိ၏။ ထိုသို့မဟုတ်ခဲ့ပါလျှင် ငါသည် သင်တို့အတွက် နေရာပြင်ဆင်ပေးမည် ဟု ပြောမည်လော။ ငါရှိသောနေရာသို့ သင်တို့ရှိစေရန် သင်တို့ကို ငါ့ထံသို့ ခေါ်ဆောင်မည်။ (ရှင်ယောဟန် ၁၄း ၁-)

သုခရွှေပြည် ပြန်ရောက်ရန် လောကမှာ နေချင်သလို နေရမည် မဟုတ်ပါ။ လူတိုင်း ကယ်တင်ခြင်းရရန် ခရစ်တော် အသက်စွန့်သည် မှန်သော်လည်း ကိုယ့်ဘက်က အားထုတ် ကြိုးစားပြီး မကောင်းမှုကို ရှောင်ရပါသေးသည်။ ဘုရားကို ယုံကြည်ကိုးစား ရပါသေးသည်။

ဆုတောင်းကြစို့-

ခမည်းတော်ဘုရား၊ ကျွန်ုပ်ဖခင်၊

ကိုယ်တော်ရှင်အား၊ ကျွန်ုပ်ယုံ၏၊

သက်ကုန်သည့်တိုင်၊ ပုံအပ်ပါသည်။

ယေဇူးပြင်ပေး၊ ရွှေအိမ်ခန်းဝယ်၊

ထာဝစဉ်၊ ခိုနားလိုပါ၏ သခင်။ အာမင်။

#Sister Dominic Ah Paing (Sdp)

Daily Reflection