“ဘုရားရှင်၏ ကယ်တင်တော်မူခြင်း ကျေးဇူးတော်ကို ကမ္ဘာမြေကြီး အရပ်ရပ်တိုင်း၌ တွေ့မြင်ခဲ့ကြပြီ” ဟူသော ဆာလံ၏ ကြွေးကြော်သံသည် ဘုရားရှင်၏ ကြီးမြတ်ပြီး သိသာထင်ရှားသော ချစ်ခြင်းကို မြင်နိုင်အောင် ဖော်ပြနေခြင်းပင် ဖြစ်ပါသည်။ ထိုအရာတွေအားလုံးကို တွေ့တတ်၊ မြင်တတ်၊ ခံစားတတ်ကြဖို့ ဘုရားရှင်အလိုတော် ရှိနေသည်ကိုလည်း ထင်ပေါ်နေပါတယ်။ တွေ့မြင်တတ်သူသာလျှင် သိနားလည်တတ်ပြီး ကျေးဇူးတရားကို တန်ဖိုးထားနိုင်တယ်။ ထိုအဖြစ်တွေကို ပထမကျမ်းစာမှာ စိန့်ပေါနှင့် ဘားနာဘာစ်တို့ ဟောပြောသက်သေ ခံကြသောကြောင့် လူမျိုးခြားတွေ ဝမ်းသာကြည်နူးစွာ ပါဝင်၊ လက်ခံ၊ ကျင့်သုံးခဲ့ကြသည်။
ထိုကဲ့သို့ ကျေးဇူးတော် အဖြစ်မျိုးကို တွေ့မြင်ဖူးချင်နေသော (Philip) အကြောင်းကို ဧဝံဂေလိ ကျမ်းစာတော်မှာ ဆက်ပြီး ဖော်ပြထားပါတယ်။ သခင်ခရစ်တော်နှင့်အတူ ရှိနေပေမဲ့ (Philip)လို အာရုံများရင် ကျေးဇူးတော်တွေနဲ့ အလှမ်းဝေးနေကြမှာမို့ ဒီနေ့ သင်ခန်းစာအဖြစ် ကျမ်းစာတော်က သင်ကြားပေးနေသည်မှာ ကိုယ့်မှာရှိနေတဲ့ အဖြစ်မှန်တွေကို တွေ့တတ်၊ မြင်တတ်၊ တန်ဖိုးထား တတ်အောင် ကြိုးစားကြရင်း ထိုအဖြစ် အခြေနေတွေကို ဘုရားရှင်၏ ကျေးဇူးတော်များအဖြစ် လက်ခံကြပြီး ဘုရားရှင်ကို အစဉ်ကျေးဇူးတင် တတ်ကြမယ်ဆိုရင် ငြိမ်းချမ်းသော ပျော်ရွှင်ခြင်း အရိပ်အောက်မှာ ရှင်သန်နိုင်ကြမည် ဖြစ်ပါတယ်။ တွေ့တတ်၊ မြင်တတ်၊ သိတတ် သူတို့အတွက် အရာရာတိုင်းဟာ ဘုရားရှင်၏ ကြီးမြတ်သော ကျေးဇူးတော်များပင်ဖြစ်ကြောင်း နားလည်သက်သေ ခံနိုင်ကြမှာ ဖြစ်ပါသည်။
#Fr.ဂျော့ရှ် ဖေမာန် (OP)