Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-05-02 07:44:39
#မေလ (၃)ရက် / တနင်္လာနေ့ ၂၀၂၁
#Sts.Philip and James (Apostles)
#ပထမကျမ်း / ၁ကော် (၁၅း ၁-၈)
#ဧဝံဂေလိကျမ်း / ရှင်ယောဟန် (၁၄း ၆-၁၄)
#Fr.ဂျော့ရှ် ဖေမာန် (OP)
Posted by M Sulatthtwe

ဒီနေ့ ပထမကျမ်းစာတော်မှာ စိန့်ပေါလ် ရှင်းပြခဲ့သည်မှာ “သခင်ခရစ်တော်၏ နောက်လိုက် တပည့်တော်ကြီးများသည်သာလျှင် အသင်းတော်ကြီး၏ ခိုင်မြဲသော အဓိကအုတ်မြစ်များ ဖြစ်ခဲ့ကြတယ်”။ အကြောင်းမှာ ထိုတပည့်တော်ကြီးများ၏ တည်မြဲသော ယုံကြည်ခြင်းကြောင့်သာလျှင် အသင်းတော်ကြီး မွေးဖွားလာခဲ့ခြင်း ဖြစ်ပါသည်။ သူတို့၏ ယုံကြည်ခြင်းသည် သူတို့ကိုယ်တိုင် တွေ့မြင်၊ ထိတွေ့ ခံစားခဲ့ကြသော သိတတ်၊ နားလည်နိုင်သော အတွေ့အကြုံများမှ အခြေခံသောကြောင့် ဖြစ်ပါတယ်။

စိန့်ပေါလ်အပါအဝင် တပည့်တော်ကြီးများ၏ အတွေ့အကြုံ ဆိုသည်မှာ “သခင်ခရစ်တော်သည် ကျွန်တော်တို့ ကျူးလွန်သော အပြစ်များအတွက် ဒုက္ခခံခဲ့ရုံသာမက၊ အသေခံပြီးတဲ့နောက် သေခြင်းတရားကို အောင်မြင်ကာ ထိုတပည့်တော်ကြီးများနှင့်အတူ ယုံကြည်သူများအား ပြန်လည် ထင်ရှားပြတော်မူခဲ့သည်” ကို ကိုယ်တိုင် တွေ့ကြုံခွင့် ရရှိကြခြင်းကြောင့် ဖြစ်ပါတယ်။ ထိုသူတို့သည် သခင်ခရစ်တော်၏ ဒုက္ခဝေဒနာများကို မြင်ခဲ့ကြတယ်၊ ခရစ်တော် လက်ဝါးကားတိုင်တော်ပေါ်မှာ သွေး ချောင်းစီးသည့်အဖြစ် အသတ်ခံခြင်းကိုလည်း တွေ့ခဲ့ကြတယ်။ သေခြင်းမှ  ပြန်လည် ရှင်ပြန်ထမြောက်တော်မူပြီး သူတို့ နှင့်အတူ ရှိနေသော အဖြစ်မှန်ကိုလည်း တွေ့ကြုံခဲ့ကြတယ်။ ထိုအခြင်းအရာတွေအားဖြင့် ဘုရားရှင်၏ လောကလူသားများအပေါ်  ထားရှိသော အတိုင်းမသိသော “ချစ်ခြင်း” ကို နားလည် သဘောပေါက် နိုင်ခဲ့ကြသောကြောင့် ယုံကြည်ခြင်း၌ ခိုင်မြဲနေကြခြင်း  ဖြစ်ပါတယ်။  

ထိုအချက်များကို ဧဝံဂေလိကျမ်းစာတော်မှာ ဆက်ပြီး အတည်ပြုပေးရင်း ကျွန်တော်တို့ တတွေလည်း လက်တွေ့ ကျင့်ရင်း အသက်ရှင်သန် နိုင်တတ်ကြဖို့ အားပေး နှိုးဆော်နေခြင်း ဖြစ်ပါတယ်။ အဓိက အကြောင်းမှာ သခင်ခရစ်တော်ကိုယ်တိုင် မိန့်ကြားခဲ့သည့်အတိုင်း သူကိုယ်တိုင်သည် လမ်းဖြစ်၏၊  သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ထို့ကြောင့် ခရစ်တော်၏ ချစ်ခြင်း၌ တည်မြဲသော သူသည် စစ်မှန်သော အသင်းတော်၌ တပည့်တော်ကြီးများနည်းတူ အဓိပ္ပါယ်ရှိသော ရှင်သန်ခြင်းကို သက်သေခံနေသော ဘုရားရှင်၏ နောက်လိုက်ကောင်း ဖြစ်နေပါလိမ့်မည်။

#Fr.ဂျော့ရှ် ဖေမာန် (OP)

Daily Reflection