Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-05-09 07:31:29
#မေလ (၁၀)ရက် / တနင်္လာနေ့ ၂၀၂၁
#ပထမကျမ်း / တမန်တော်ဝတ္တု (၁၆း ၁၁-၁၅)
#ဧဝံဂေလိကျမ်း / ရှင်ယောဟန် (၁၅း ၂၆ - ၁၆း ၄က)
#Fr.ဂျော့ရှ် ဖေမာန် (OP)
Posted by M Sulatthtwe

ကျွန်တော်တို့ တစ်ချို့တွေအတွက် ဘာသာရေးသည် အသက်ရှင်နေကြရသော ဘဝ၏ အစိတ်အပိုင်း သာမက လူသားတစ်ရပ်လုံး၏ လွတ်လပ်မှုဆိုင်ရာ အဓိက အချက်အဖြစ်လည်း နားလည်လက်ခံ သဘောပေါက် ခဲ့ကြပါတယ်။ ယုံကြည်ခြင်း ခရီးသမိုင်း တစ်လျှောက်ကို ပြန်သုံးသပ်ကြည့်ရင် သိသာထင်ရှားသော အချက်သည် ထိုယုံကြည်ခြင်းကြောင့် များစွာသော ဘိုးဘွားဘီဘင်များ အာဇာနည် ဖြစ်ခဲ့ကြတဲ့ မှတ်တမ်းတွေကို တွေ့နိုင်ကြမည် ဖြစ်ပါတယ်။ အရေးကြီးသော အချက်သည် ကျွန်တော်တို့ လျှောက်နေကြသော ယုံကြည်ခြင်း ခရီးသည် လွယ်သလိုလိုနဲ့ ခက်ခဲနက်နဲ လွန်းနေတယ် ဆိုတာပါဘဲ။ ဘာသာတရား ပတ်သက်ရင် စိန်ခေါ်ခြင်းတွေ သာမကဘဲ နည်းမျိုးစုံနှင့် ညှင်းပန်း နှိပ်စက်ခြင်းတွေ ရှိနေတယ်ဆိုတာ သမိုင်းသက်သေ တွေ့မြင်နိုင်သော အနေအထားပင် ဖြစ်ပါတယ်။ ထိုဘာသာတရားကို လက်ကိုင်စွဲပြီး အလွဲသုံးစား လုပ်နေသော သူတွေလည်း များစွာရှိခဲ့၊ ရှိဆဲ၊ ရှိနေအုံးမယ် ဟူသော သဘောသည် ဘာသာတရားကြောင့်သာ ဖြစ်ပါလိမ့်မည်။ အယုံကြည်၊ အချစ်ရဆုံးသော ပုဂ္ဂိုလ်တို့၏ သစ္စာဖေါက်ခံရခြင်း အဖြစ်တို့နှင့်လည်း မကင်းနိုင်တာ ဘာသာတရားပါဘဲ။

ထို့ကြောင့် ဒီနေ့ ကျမ်းစာတော်အားဖြင့် ကျွန်တော်တို့ကို ဘုရားရှင် ထပ်မံသတိပေးနေသည်မှာ ဘဝမှာ မသေချာခြင်းတွေကလွဲလို့ သေချာတယ်ဆိုတဲ့ စကားသည် မသေချာဘူးဆိုတာ နားလည်တတ်ကြဖို့နှင့် နားလည်သလို ကြိုးစား နေထိုင်တတ်ကြဖို့ ဆက်ပြီး ခွန်အားပေးနေခြင်း ဖြစ်ပါတယ်။ လောကကြီး၏ မသေချာခြင်းတွေကို မပြည့်စုံသောဘဝ အနေအထား၌ ကြိုးစားရှင်သန် နေကြသည်မို့  ကျွန်တော်တို့တွေ သတိမမူနိုင်ပေမဲ့ ထိုကဲ့သို့ ရှင်သန်ခြင်းအတွက် အသက်ကိုပေး၊ အလင်းပေး၊ လမ်းပြပေးနေသူ ဝိညာဉ်တော်ဘုရားသည် ကျွန်တော်တို့နှင့် အမြဲအတူရှိနေတယ် ဆိုတာပါဘဲ။ ထိုဝိညာဉ်တော်ဘုရားကို  သခင်ခရစ်တော်ကိုယ်တိုင် ကတိတော်ပြုခဲ့ စေလွှတ်ခဲ့ခြင်း ဖြစ်ပါတယ်။

ကျွန်တော်တို့နှင့် အမြဲအတူရှိနေသော ဝိညာဉ်တော်ဘုရားရှင်သည် အလင်းပေး လမ်းပြသည် သာမက အစဉ်အမြဲ ကာကွယ် စောင့်ရှောက်ရင်း အမြဲခွန်အားပေးသော ဘုရားရှင်လည်း ဖြစ်ပါတယ်။ ထို့ကြောင့် ဝိညာဉ်တော် ဘုရားရှင်၌ အသက်ရှင်ရာ၌ ခရစ်ယာန်ပီသစွာ နမူနာကောင်းများ ပြကြရင်း ပတ်ဝန်းကျင်ကို အလင်းပေး လမ်းပြနိုင်သော ခရစ်ယာန် မီးအိမ်ရှင်များအဖြစ် အသက်ရှင် သက်သေခံ နိုင်သော ခရစ်ယာန်များ ဖြစ်ကြဖို့ တာဝန်ရှိကြပါတယ်။ ထိုကဲ့သို့ အသက်ရှင်ခြင်းဖြင့်သာလျှင်  ခရစ်တော်၏ သာသနာ လုပ်ငန်းတော်၌ ပါဝင်နေရခြင်း ဖြစ်ပါတယ်။

#Fr.ဂျော့ရှ် ဖေမာန် (OP)

 

Daily Reflection