Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-05-10 07:25:33
#မေလ (၁၁)ရက် / အင်္ဂါနေ့ ၂၀၂၁
#ပထမကျမ်း / တမန်တော်ဝတ္တု (၁၆း ၂၂ - ၃၄)
#ဧဝံဂေလိကျမ်း / ရှင်ယောဟန် (၁၆း ၅ - ၁၁)
#Fr.ဂျော့ရှ် ဖေမာန် (OP)
Posted by M Sulatthtwe

ဘုရားရှင်သည် ကျွန်တော်တို့ ရှင်သန်နေသော အသက်တာ တစ်လျှောက်လုံးမှာ ထူးဆန်း အံ့သြဘွယ်သော အမှုများစွာ ပြုတော်မူသော အဖြစ်ကို သတိပြုမိ ကြပါလိမ့်မယ်။ ထိုကဲ့သို့ ဥပမာများတို့ကို ကျမ်းစာတော်များ၌ ရှင်းပြခဲ့ပါတယ်။ ဒီနေ့ ပထမကျမ်းစာမှာ ဖော်ပြထားသည်မှာ စိန့်ပေါလ်နှင့် အပေါင်းအပါများ ငလျှင်လှုပ်ခြင်းဖြင့် အချုပ်အနှောင်မှ ထူးဆန်းစွာ လွတ်မြောက် လာခဲ့ကြတဲ့ အဖြစ်ကို ကြားခဲ့ကြတယ်။ ထိုသို့ ဖြစ်နိုင်ဖွယ်သော အကြောင်းရင်းသည် ဧဝံ‌‌ဂေလိ ကျမ်းစာတော်မှာ ရှင်းပြပေးနေပါတယ်။ အဘယ့်ကြောင့်ဆိုသော် သခင်ခရစ်တော် ခမည်းတော် ဘုရားရှင်ထံအပြန် ကျွန်တော်တို့တွေနှင့်အတူ အမြဲရှိကြောင်းကို ဝိညာဉ်တော်ဘုရား‌ စေလွှတ်ခြင်းဖြင့် သက်သေ ပြပေးခဲ့တယ်။ ထိုဝိညာဉ်တော်၌ အသက်ရှင်နေခြင်းကြောင့် ဘဝမှာ ကိုယ်တိုင် မစွမ်းနိုင်သော ထူးခြားသော အဖြစ်တွေကို တွေ့ကြုံနေကြခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ အတ္တနှင့် မာနတို့၏ အားသာခြင်းကြောင့် ထိုအဖြစ်တို့ကို သတိမမူတတ် ဖြစ်ခဲ့ကြပါတယ်။

ဘုရားရှင်သည် ကျွန်တော်တို့ နေ့စဉ်ကြုံတွေ့နေကြသော အဖြစ်ပျက်များအပေါ် မူတည်ပြီး လိုအပ်နေသော ကျေးဇူးတော် ခွန်အားအဖြစ် အစဉ်အမြဲ အတူရှိနေခဲ့ပေမဲ့ လူ့ဇာတိ ခံစားချက်တို့၏ အားသာချက်ကြောင့် နီးလျှက်နဲ့ ဝေးခဲ့သော အဖြစ်တွေ များစွာရှိခဲ့ပါတယ်။ ချစ်ခြင်းမေတ္တာဖြစ်သော ဘုရားရှင်သည် ဘယ်သောအခါမှ စွန့်ပစ်ထားခဲ့ဖူးခြင်း မရှိပါ။ အစဉ်အမြဲ ချစ်၍ နားလည်ခွင့်လွှတ် ကျေးဇူးတော် ခွန်အားများစွာ တို့ကိုလည်း အစဉ်ပေးနေသော ဘုရားပင် ဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့နှင့်အတူ အမြဲရှိနေတော်မူသော ဘုရားရှင်၌ အစဉ်အမြဲ အသက်ရှင်တတ်ကြပြီး  အရာရာတိုင်း၌ ကျေးဇူးတော်ကို တွေ့မြင်တတ်ကြသော ယုံကြည်သူများအဖြစ် ဆက်လက် ကြိုးစားကြပါစို့။

#Fr.ဂျော့ရှ် ဖေမာန် (OP)

 

Daily Reflection