ပြောင်းလဲခြင်းတွေကလွဲရင် လောကမှာ တည်မြဲသောအရာမရှိ ဟူသော စကားပုံကို အမြဲကြားနေကြ ရပါတယ်။ ထိုသို့ အစဉ်ပြောင်းလဲခြင်းတွေနှင့်အတူ တည်မြဲခြင်း မရှိနိုင်သော လောကကြီး၏ အဖြစ်အခြေနေတွေဟာ ဘုရားရှင်၏ လက်တော်၌သာ ရှိနေကြောင်းကို ဒီနေ့ ကျမ်းစာတော်များမှ သတိပေးနေခြင်း ဖြစ်ပါတယ်။ စိန့်ပေါလ်ကိုယ်တိုင် အမှုတော် ဆောင်ရွက်နေစဉ် များစွာသော အပြောင်းလဲတွေနှင့် ကြုံတွေ့ခဲ့တယ်။
ဧဝံဂေလိကျမ်းစာတော်မှာ ပြောင်းလဲခြင်းသဘောကို ခရစ်တော်ကိုယ်တိုင် အသေမခံမှီ နောက်လိုက် တစ်ပည့်တော်ကြီးတွေကို အားပေးဆုံးမခဲ့တယ်။ ပြောင်းလဲခြင်းတွေကို တည်ငြိမ်စွာ ရင်ဆိုင်တတ်ရင်း အဓိပ္ပါယ်ရှိသောဘဝကို အသက်ရှင်တတ်ဖို့အတွက် ဘုရားရှင်၌ ယုံကြည်ခြင်း ခိုင်မြဲစေဖို့ အရေးကြီးကြောင်းကို နားလည်နိုင်ဖို့ ခွန်အားပေးနေခြင်း ဖြစ်တယ်။ ဘုရားရှင်အပေါ် ထားရှိသော ယုံကြည်ခြင်းသာ ခိုင်မြဲနေမည်ဆိုလျှင် ဘယ်လိုအပြောင်းလဲတွေ ဖြစ်နေပါစေ ဘဝ၏ပျော်ရွှင်ခြင်း အရသာ ကျေးဇူးတော်ကို ရှာတွေ့နိုင်မည်မှာ သေချာသောကြောင့် ခိုင်မြဲသော ယုံကြည်ခြင်းအတွက် ဝိညာဉ်တော်ဘုရား၌ အသက်ရှင်တတ်အောင် ကြိုးစားကြပါစို့။
#Fr.ဂျော့ရှ် ဖေမာန် (OP)