ဘုရားရှင်သည် လူသားတိုင်းကို ချစ်တော်မူသောကြောင့် လူတိုင်းကို ခေါ်တော်မူခြင်း ဖြစ်တယ်။ ထို့ကြောင့် ခေါ်တော်မူခြင်းသည် ကျေးဇူးတော် သက်သက်ပင် ဖြစ်ပါတယ်။ ဘုရားရှင် လူတိုင်းကို နည်းမျိုးစုံ ပုံစံမျိုးစုံဖြင့် ခေါ်တော်မူ၍ အလိုတော်အတိုင်း အသုံးခံ ဖြစ်စေခဲ့ပါတယ်။ ဘုရားရှင် ရှေ့တော်မှာ ဘုရားရှင်၏ ကျေးဇူးတော်နှင့် ထိုက်တန်သူဟူ၍ မရှိသကဲ့သို့ မထိုက်တန်သူ ဟူ၍လည်း မရှိပါ။ ဘုရားရှင်၏ ကျေးဇူးတော်များသည် သူကိုယ်တော်တိုင်၏ ချစ်ခြင်းမှ ဆင်းသက်လာသည် ဖြစ်၍ လူတိုင်းအတွက် ဖြစ်ပါတယ်။ ထိုကျေးဇူးတော် အဖြစ်ကို ဒီနေ့ ကျမ်းစာတော်မှ ဆက်ရှင်းပြနေပါတယ်။တစ်ပည့်တော်ကြီးများ စုဝေးကြပြီး Matthias ကို ရွေးချယ်ခဲ့ကြသော အဖြစ်သည်လည်း ဘုရားရှင်၏ ကျေးဇူးအလင်းတော်ကြောင့်သာ ဖြစ်၍ ဘုရားရှင်ကိုယ်တိုင် ရွေးချယ်ခြင်းပင် ဖြစ်ပါတယ်။လူသားတိုင်းကို ချစ်သောဘုရားသည် လူသားတိုင်းနှင့် နီးစပ်ချင်သောကြောင့် လူသားတိုင်းကို ဖိတ်ခေါ် ရွေးချယ်ခဲ့ ခြင်း ဖြစ်ပါတယ်။ ရွေးချယ်ခြင်း၌ ပါဝင်ပြီး ဘုရားရှင် အလိုတော်အတိုင်း နီးစပ်နေနိုင်ဖို့အတွက် မွန်မြတ် သန့်ရှင်း သိမ်မွေ့တတ်သူဖြစ်ဖို့ လိုအပ်ပါတယ်။ ထိုသို့ မွန်မြတ် သန့်ရှင်း သိမ်မွေ့တတ်သူ ဖြစ်ဖို့ရန်အတွက် အဓိကသည် အကြီးမားဆုံးသော ပညတ်တော်ကို ကျင့်ဖို့ပင် ဖြစ်ပါတယ်။ ထိုပညတ်တော်သည် ကိုယ်နဲ့နီးသောသူကို ကိုယ့်ကို ချစ်သလို ချစ်တတ်ဖို့ ပါ။ ထိုသို့ ချစ်တတ်ခြင်းဖြင့် ဘုရားကို ချစ်သော အချစ်ကို သက်သေပြနေတာမို့ ဘုရားရှင် အလိုတော်အတိုင်း ဘုရားရှင်နှင့် နီးစပ်၊ အသက်ရှင် နေနိုင်ကြမည်ပင် ဖြစ်ပါတယ်။
#Fr.ဂျော့ရှ် ဖေမာန် (OP)