အသင်းတော်သည် သာသနာလုပ်ငန်းတို့ကို နေရာ၊ ဒေသ၊ ချိန်ခါမရွေး ဆက်လက် လုပ်ဆောင်နေပါ တယ်။ ထိုအမှုတော် လုပ်ငန်းတော်သည် ဘုရားရှင်မှစသော ဘုရားရှင်၏ အမှုတော် လုပ်ငန်းတော်ပင် ဖြစ်ပါတယ်။ ထိုအမှုတော်သည် ဘုရားရှင် ကိုယ်တော်တိုင်၏ ချစ်ခြင်းမှ ဖြစ်ပေါ်လာသည်ဖြစ်၍ ထိုချစ်ခြင်းသည် သူ၏တစ်ဉီးတည်းသော သားတော် ခရစ်တော်ယေဇူး၌ ထင်ပေါ်နေပါတယ်။ ထို့ကြောင့် သာသနာလုပ်ငန်း အမှုတော်သည် ချစ်ခြင်းအမှုတော်ပင် ဖြစ်ပါတယ်။ ထိုချစ်ခြင်း အမှုတော်သည် လိုအပ်နေသူများအား ပေးကမ်း စွန့်ကြဲခြင်း၊ အားငယ်သူတို့အား ဖေးမအားပေးခြင်း၊ ဝမ်းနည်းနေသူတို့အား နှစ်သိမ့်ပေးခြင်း၊ မျော်လင့်ချက် မဲ့နေသူများအား လက်တွဲ အားပေးခေါ် ဆောင်ပေးခြင်း၊ အစရှိသော ကရုဏာ လုပ်ငန်းများ လုပ်ဆောင်ခြင်းတို့ပင် ဖြစ်ပါတယ်။
ထိုကဲ့သို့သော ကရုဏာလုပ်ငန်းများသည် လူတိုင်း လုပ်နိုင်သော အရာများဖြစ်၍ မေတ္တာတရားနှင့် စိတ်ဆန္ဒရှိသူတိုင်း လုပ်နိုင်ကြပါတယ်။ ထို့ကြောင့် ချစ်တတ်သော အရည်အချင်းသာ လိုအပ်ပါတယ်။ ချစ်တတ်သော အရည်အချင်း ရှိသောသူတို့ကို လောကကြီးက နေရာတိုင်း အချိန်တိုင်းမှာ အလိုရှိနေပါတယ်။ ထိုကဲ့သို့သော အချစ်မျိုး၌ ဘုရားရှင် ကိုယ်တော်တိုင် ရှိနေသည်မို့ ကိုယ့်မှာ အမှန်တကယ် ရှိနေသော ဘုရားရှင် ကိုယ်တော်မြတ်ကို လိုအပ်သော သူများလည်း ကိုယ့်နည်းတူ တွေ့ကြုံ ခံစားလာတတ်ဖို့ လက်ဆင့်ကမ်း ပေးကမ်း ဝေမျှ စွန့်ကြဲခြင်းသည်သာ သာသနာ လုပ်ငန်းတော် ဖြစ်ကြောင်း ဒီနေ့အတွက် ကျေးဇူးတော် ခွန်အားအဖြစ် သမ္မာကျမ်းစာတော်များမှာ အားပေးဆုံးမ ပေးနေခြင်း ဖြစ်ပါတယ်။
#Fr.ဂျော့ရှ် ဖေမာန် (OP)