Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-05-15 07:45:53
#မေလ (၁၆)ရက် / တနင်္ဂနွေနေ့ ၂၀၂၁
#သခင်ယေဇူးကောင်းကင်ဘုံသို့တက်တော်မူသောပွဲနေ့ကြီး
#ပထမကျမ်း / တမန်တော်ဝတ္တု (၁၁း ၁ - ၁၁)
#ဧဝံဂေလိကျမ်း / ရှင်မာကု (၁၆း ၁၅-၂၀)
#Bro. Matthias BoBo (S.F.X)
Posted by M Sulatthtwe

ဒီကနေ့ သခင်ခရစ်တော်ရဲ့ ကောင်းကင်ဘုံသို့ တက်ကြွတော်မူခြင်းပွဲကို ကျင်းပကြတယ်။ ဒီပွဲနေ့ဟာ ခရစ်တော် ရှင်ပြန်ထမြောက်တော်မူပြီးနောက် ရက်(၅၀)ပြည့်မြောက်နေ့ပဲ ဖြစ်ပါတယ်။ ခရစ်တော်က ကောင်းကင်ဘုံသို့ တက်ကြွတော်မူခြင်းဟာ ကျွန်ုပ်တို့အတွက် ကောင်းကင်နိုင်ငံမှာ နေရာပြင်ဆင် ပေးဖို့ရန်အတွက် အရင်ဦးဆုံး သွားရောက်လို့ ငယ်ငယ်တုန်းက ဘုရားစကား သင်ကြားခြင်းတွေမှာ ကြားသိရပါတယ်။ ခရစ်တော်က ကျွန်ုပ်တို့တတွေအတွက် နေရာပြင်ဆင် ပေးနေချိန်မှာ သူကလည်း ကျွန်ုပ်တို့တတွေကို လောကမှာ နေထိုင်ရင်း အလုပ်တခုကို ပေးသွားခဲ့တယ်။ ဘာလို့လည်းဆိုတော့ ဒီကနေ့ရဲ့ ဧဝံဂေလိကျမ်းမှာ ကြားနာခဲ့ရတဲ့ ကျမ်းချက်လေးပဲ ဖြစ်ပါတယ်။ (မာကု ၁၆း ၁၅)မှာ ဘာပြောထားလည်းဆိုတော့ “သင်တို့သည် ကမ္ဘာအရပ်ရပ်သို့သွား၍ ဧဝံဂေလိတရားတော်ကို ဟောပြောကြလော့” ဆိုသော ကျမ်းစကားသည် ကျွန်ုပ်တို့တွေကို စိန်ခေါ်မှုတွေ ဖြစ်စေတယ်။ ဘာကြောင့်လည်းဆိုတော့ လူသားများဖြစ်ကြတဲ့ ကျွန်ုပ်တို့တွေက တစ်ပါးသူတွေကို ကောင်းအောင် ပြုပြင်နိုင်အောင်  ဘုရားစစ် ဘုရားမှန် ဖြစ်တည်မှု အကြောင်းကို တစ်ပါးသူကို ပြောပြဖို့ ဟောပြောဖို့ထက် မိမိကိုယ်တိုင်က ယုံကြည်ပြီး ကျင့်ဖို့ရန်အတွက် ခက်ခဲသော အရာတွေပဲ ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို ကျွန်ုပ်တို့ရဲ့ လက်တွေ့ဘဝမှာ ဘယ်လိုအကောင်အထည် ဖော်ကြမလဲ? လူတွေကို ဘယ်လို ဟောပြောသက်သေ ခံကြမလဲ?၊ (၁) အချက် ၊ ကျွန်ုပ်တို့တွေရဲ့ နေ့စဉ်ဘဝသက်တာမှာ ပြုမှုကျင့်ကြံမှုတွေ၊ ပြောဆိုဆက်ဆံရေးတွေ၊ အနေအထိုင် အပြောအဆိုတွေက ကျွန်ုပ်တို့ရဲ့ ဟောပြော သက်သေခံခြင်းတွေပဲ ဖြစ်ပါတယ်။ ကောင်းသော စကားတွေ၊ နူးညံ့သိမ်မွေ့သော စကားတွေ၊ လိမ်မာယဉ်ကျေးသော အပြုအမူတွေက ကျွန်ုပ်တို့ရဲ့ အသက်ရှင်သော ဘုရားရှင်ရဲ့ ကောင်းခြင်းတွေကို ဟောပြောသက်သေ ခံနေခြင်းသာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ နေ့စဉ်ရှင်သန်ရတဲ့ဘဝမှာ မိမိပြုသော အကျင့် သီလပါရမီတွေက ကျွန်ုပ်တို့ ရှင်သန်ရတဲ့ ပတ်ဝန်းကျင်မှာ ပြန်လည် မြင်တွေ့ကြရမှာ ဖြစ်တယ်။ သူတစ်ပါးကို မကောင်း ပြောဆိုမှုတွေ၊ ရိုင်းစိုင်းသော အပြုအမှုမျိုးတွေ ပြောဆိုဆက်ဆံမိမယ်ဆိုရင် တစ်ပါးသူတွေဆီကနေ ကျွန်ုပ်တို့ ပြန်လည် ခံစားကြရမှာ ဖြစ်တယ်။ ဒီလိုချိန်မျိုးမှာ ကိုယ်ဟောပြော သက်သေခံချက်တွေက ကောင်းသလား ဆိုးသလား ဆိုတာကို မိမိသာလျှင် မိမိဆုံးဖြတ်ရမှာ ဖြစ်တယ်။ ဒါကြောင့် မိမိပတ်ဝန်းကျင်၊ မိမိအသိုင်းအဝိုင်းကို ဘုရားသခင်ရဲ့ တရားတော်တွေကို ဟောကြားဖို့ထက် မိမိကိုယ်မိမိ အရင်ဦးဆုံး ဟောကြားပေးရမှာ ဖြစ်တယ်။ မိမိကသာလျှင် ဘုရားကို ပိုသိရမယ်၊ ပိုယုံကြည်ရမယ်၊ မိမိကသာ ကျင့်ကြံအားထုတ်မှသာလျှင် သူတစ်ပါးကို ဘုရားသခင်ဆီ အရောက် ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။  ဒါကြောင့် သူတစ်ပါးကို ဘုရားအကြောင်း ဟောကြားရင်း မိမိကလည်း ဘုရားကို ပိုသိအောင် ပိုချစ်အောင် ကျင့်ကြံနေထိုင်ကြပါစို့လား။

#Bro. Matthias BoBo (S.F.X)

 

 

 

Daily Reflection