“ရယူခြင်းထက် ပေးဆပ်ခြင်းသည် ပို၍မင်္ဂလာရှိ၏။” (တမန်တော်ဝတ္တု ၂၀း၃၅)
သံပေါလူးရဲ့ ဆုံးမသတိပေးစကားမှာ မင်္ဂလာများများ ရှိဖို့အတွက် များများပေးဖို့ လိုပါတယ်။ တစ်ခါက လူတစ်ယောက်က ပန်းချီကားတစ်ချပ်ကို စိတ်ဝင်စားစွာ ကြည့်ရှုနေပါတယ်။ လက်တစ်ဖက်က ကမ်းပေးနေသော ပန်းသီးကို တစ်ဖက်လက်က ယူနေသော ပုံဖြစ်ပါတယ်။ အနီးအနားမှ လူတစ်ယောက်က “ပန်းသီးယူနေတဲ့ပုံလေးပဲ၊ လှလိုက်တာ” ဆိုတဲ့ စကားသံလေးနဲ့ ပြောလာပါတယ်။ ဒီအခါမှာ ထိုလူက “မိတ်ဆွေ၊ ပန်းသီးပေးနေတဲ့ ပုံလေးလိုဖြစ်အောင် ကြည့်လိုက်ရင် ပိုပြီးလှသွားမယ် ထင်တယ်”လို့ ပြန်ပြောလိုက်တယ်။
“ပေးဆပ်ခြင်း” ဆိုတဲ့အရာဟာ မျက်ဝန်းထဲမှာ မျက်ရည်တွေ ဘယ်လောက်ပဲပြည့်ပြည့် နှုတ်ခမ်းထက်က အပြုံးတွေဟာ ပျောက်ဆုံးသွားမှာ မဟုတ်ပါဘူး။ ဒါဟာ အလှဆုံးမျက်နှာ တစ်ခုပါပဲ။ ဒါကြောင့် ကျွန်ုပ်တို့တွေ ခရစ်တော် မိန့်မှာချက်အားဖြင့် တစ်ဦးကိုတစ်ဦး ပေးဆပ်ရင်းဖြင့် မင်္ဂလာတရားများ ပွားများကြပါစို့။
#စစ္စတာရ် ကလဲ (SFX)