အိုအဖ၊ ကမ္ဘာမတည်ရှိမီကပင် ကိုယ်တော်သည် ချစ်ခြင်းမေတ္တာတော်၌ အကျွန်ုပ်ကို ပေးတော်မူသော ဘုန်းဂုဏ်တော်ကို အကျွန်ုပ်ထံသို့ ကိုယ်တော်အပ်နှံထားသော သူတို့မြင်ကြစေရန် သူတို့ကိုလည်း အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူ ရှိစေလိုပါသည်။ (ရှင်ယောဟန် ၁၇း ၂၄)
တစ်ခါက ဖိနပ်ချုပ်သမားလေးတစ်ယောက်ကို လူတစ်ယောက်က ဖိနပ်ချုပ်ခပေးနေစဉ် မေးခွန်းတစ်ခု မေးလိုက်ပါတယ်။ “ခင်ဗျားက ဘယ်မှာနေတာလဲ?”။ ဖိနပ်ချုပ်သမားလေးက “ကျွန်ုပ်က ဒီမြို့ရဲ့ ချောင်ကျတဲ့ ဆင်းရဲသား ရပ်ကွက်တစ်ခုမှာ လမ်းမလျှောက်နိုင်တဲ့ ဒုက္ခိတ သူငယ်ချင်းတစ်ယောက်နဲ့ နေပါတယ်”။ ဒီအခါမှာ တစ်ဖက်လူက “ခင်ဗျားရဲ့သူငယ်ချင်း မရှိရင် ခင်ဗျားအတွက် ဝန်ထုပ်တစ်ခု ပေါ့တာပေါ့။ သူမရှိရင် မင်းအတွက် ပိုမကောင်းဘူးလား”။ “မဖြစ်နိုင်ပါဘူး၊ ဆရာ။ ကျွန်ုပ်အလုပ်လုပ်ပြီး အိမ်ပြန်လို့ ဝေမျှရမဲ့သူမရှိရင် ကျွန်ုပ်အိမ်မပြန်ချင်ပါဘူး။ ဆရာကော…..
ချစ်ခြင်းမေတ္တာတရားဆိုတာ ဒီကနေ့ သခင်ခရစ်တော် မိန့်မြွက်သလို စကားလုံးတွေ အများကြီး မလိုပါဘူး။ အတူရှိနေရင် ပြီးပြည့်စုံပါတယ်။ ဘုရားရဲ့အချစ်ကို မြင်တွေ့နိုင်ဖို့ ဘုရားနဲ့အတူ ရှိဖို့လိုပါတယ်။ ကျွန်ုပ်တို့ရဲ့ ချစ်ခြင်းမေတ္တာတရားကို လိုအပ်နေတဲ့သူတွေအတွက်လည်း ကျွန်ုပ်တို့အမြဲ အသင့်ရှိနေနိုင်အောင် ကြိုးစားကြပါစို့။
#စစ္စတာရ် ကလဲ (SFX)