“သံကြိုးများဖြင့် ကျွန်ုပ်ချည်နှောင် ခံနေရခြင်းသည်ကား အစ္စရာအဲလ်လူမျိုးတို့၏ မျှော်လင့်ခြင်း အတွက်ကြောင့် ဖြစ်ပါသည်ဟု ဆိုလေ၏။” (တမန်တော်ဝတ္တု ၂၈း ၂၀)
သံပေါလူးဟာ ရောမမြို့ကို တရားဟောဖို့ သွားခဲ့သော်လည်း အကျဉ်းသားတစ်ယောက် ဖြစ်ခဲ့ပါသည်။ “one humble, one exalt” ဆိုတဲ့ ခရစ်တော်ရဲ့ မိန့်မှာချက်အတိုင်း သံပေါလူးရဲ့ ချုပ်နှောင်ခံရခြင်းဟာ အစ္စရာအဲလ် လူမျိုးတွေအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်လာပါတယ်လို့ သူကိုယ်တိုင် ဆိုခဲ့ပါတယ်။ ဘုရားသခင်ရဲ့ အလိုတော်ဟာ တစ်ခါတစ်ရံ ကျွန်ုပ်တို့ဘဝမှာ နေမထွက်ဘူးလို့ ထင်ရပေမဲ့ တစ်ဖက်မှာ အလင်းရဖို့အတွက် ခဏတာ အမှောင်ပေးထားခြင်း သဘောမျိုးပါ။ နေမင်းဘယ်တော့မှ မထွက်လာတော့ဘူးလို့ ဆိုလိုခြင်း မဟုတ်ပါဘူး။ ကြုံတွေ့နေကြရတဲ့ အခက်အခဲတွေ၊ အကျပ်အတည်းတွေ၊ ဒုက္ခတွေဟာလည်း ငြိမ်းချမ်းတဲ့ဘဝတွေ ဘယ်တော့မှ ရောက်မလာတော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ခဏတာပါပဲ။ နေမင်းက ပြန်ထွက်လာအုံးမယ်ဆိုတာ သံပေါလူးက ဘဝနဲ့ သက်သေခံခဲ့သလို ကျွန်ုပ်တို့ရဲ့ မျှော်လင့်ခြင်းတွေ အမြဲတမ်း ရှင်သန်နေကြပါစို့။
#စစ္စတာရ် ကလဲ (SFX)