“သင်တို့၌ ငြိမ်းချမ်းသာယာခြင်း ရှိပါစေ။” (ရှင်ယောဟန် ၂၀း ၁၉)
ပေးခြင်းဆိုတဲ့အရာဟာ ကိုယ့်ဆီမှာရှိနေမှ ပေးလို့ရပါတယ်။ သခင်ခရစ်တော်က သူ၌ပြည့်ဝနေတဲ့ ငြိမ်းချမ်းခြင်းကို ကျွန်ုပ်တို့တစ်ဦးစီကို ပေးခဲ့ပါတယ်။ ဒီကနေ့ တမန်တော်ကြီးတွေကို စေလွှတ်သလို ကျွန်ုပ်တို့တစ်ဦးစီကိုလည်း စေလွှတ်နေပါတယ်။ ကိုယ်တော်ရှင် ပေးထားတဲ့ ငြိမ်းချမ်းခြင်းကို တစ်ပါးသူဆီကို မျှဝေဖို့ပဲ ဖြစ်ပါတယ်။
ပင်လယ်ပြင်ဟာ မုန်တိုင်းဒဏ်ကြောင့် ဘယ်လောက်ပဲ လှိုင်းကြမ်းနေပါစေ၊ ပင်လယ်ရဲ့ နက်ရှိုင်းတဲ့ နေရာတွေမှာတော့ တည်ငြိမ်စမြဲပါပဲ။ ဘယ်လိုပဲ ကြမ်းတမ်းမှုတွေရဲ့ အခြေအနေအောက်မှာ ရှိနေပါစေ၊ တည်ငြိမ်စွာနဲ့ အသက်ရှင်နိုင်ဖို့အတွက် ဒီကနေ့ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားက ဆုကျေးဇူး (၇)ပါးကို သွန်းလောင်းချ ပေးပါတယ်။ ကျွန်ုပ်တို့တစ်ဦးစီရဲ့ ငြိမ်းချမ်းခြင်းတွေကို တစ်ပါးသူစီ ဝေမျှနိုင်ဖို့အတွက် ဝိညာဉ်တော်ရဲ့ ဆုကျေးဇူးတွေကို ခံယူကြပါစို့။
#စစ္စတာရ် ကလဲ (SFX)