“သင်၏သားကို ကြည့်ပါ။ သင်၏အမိကို ကြည့်ပါ ဟု ကိုယ်တော်မိန့်တော်မူ၏။” (ရှင်ယောဟန် ၁၉း ၂၆-၂၇)
ယေဇူဘုရားရှင်သည် လူသားများအတွက် အမိမယ်တော်ကို ပေးအပ်ခဲ့ပါသည်။ ဘုရားရှင်၏ အမေလည်းဖြစ်ပြီး ကျွန်ုပ်တို့၏ အမေလည်းဖြစ်သည့် အမိမယ်တော်ကို အကြွင်းမဲ့ ယုံကြည်အားကိုးခြင်းနှင့် ဆုတောင်းခိုလှုံမယ်ဆိုရင် ကျွန်ုပ်တို့ဘဝမှာ ခက်ခဲကြမ်းတမ်းသော်လည်း လုံခြံမှုနှင့် အောင်မြင်ခြင်းကို ရရှိမှာ ဖြစ်ပါတယ်။
မေလသည် အမိမယ်တော်ကို တစ်ထူးတစ်ခြား သဒ္ဓါကြည်ညိုခြင်း ပြုရသည့်လဖြစ်၍ ငြိမ်သက်ခြင်း၏ ဘုရင်မဖြစ်သည့် အမိမယ်တော်ထံ ယုံကြည်နှိမ့်ချ အားကိုးခြင်းနှင့် တောင်းလျှောက်ပါက ကျွန်ုပ်တို့တစ်ဦးစီ လိုအပ်ရာကျေးဇူးနှင့် စိတ်ငြိမ်သက်ခြင်း၊ မိသားစုများ၌ ငြိမ်သက်ခြင်း၊ အထူးသဖြင့် အမိမြန်မာပြည်ကြီး ငြိမ်းချမ်းသာယာခြင်း အမြန်ဆုံးရရှိရန် အမိမယ်တော်ထံ ကြိုးစားပြီး ဆုတောင်းကြပါစို့။
#စစ္စတာရ် ထရေဇား (SFX)