“ထို့ကြောင့် သင်တို့သည် သွားကြ၍ လူမျိုးတကာတို့ကို ငါ၏တပည့်များ ဖြစ်စေကြလျှက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမတော်မြတ်၌ သူတို့ကို ဆေးကြောကြလော့။” (ရှင်မာတေဦး ၂၈း ၁၉)
ကက်သလစ်ခရစ်ယာန်များအတွက် ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရားသည် မွေးဖွားချိန်၊ ဆေးကြောခြင်းခံချိန်မှ သေချိန်ထိတိုင် ပုဂ္ဂိုလ်သုံးပါးနှင့် အစပြုပြီး အဆုံးသတ်ကြရပါသည်။
ခရစ်တော်အသက်ရှင်စဉ်က တပည့်တော်ကြီးများကို စေလွှတ်ပြီး ဟောပြောသွန်သင်စေပြီး ယုံကြည်သူများအား ပုဂ္ဂိုလ်သုံးပါး နာမတော်မြတ်နဲ့ ဆေးကြောခြင်းကို ပေးစေခဲ့သလိုပဲ ဘုရားရှင်သားသမီးများ ဖြစ်ကြတဲ့ ဆေးကြောခြင်းခံပြီးတဲ့ ကျွန်ုပ်တို့တွေကိုလည်း တပည့်တော်ကြီးတွေလိုပဲ လုပ်စေချင်နေပါတယ်။
ကျွန်ုပ်တို့သည်လည်း ဘုရားရှင်၏ သားသမီး ပီသစွာ ကောင်းသည့်အပြောအဆို၊ အပြုအမူ၊ လုပ်ဆောင်ချက်များဖြင့် တစ်ပါးသူအတွက် ကောင်းသည့်ပုံစံ နမူနာကောင်းများ ဖြစ်စေခြင်းဖြင့် အကျင့်ဖြင့် ဟောပြောနိုင်ပါတယ်။
ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရားပွဲနေ့မှာ ပုဂ္ဂိုလ်သုံးပါးနာမည်နှင့် ဆေးကြောခြင်း ခံယူပြီးသည့် သားသမီးများအားလုံး ယုံကြည်ခြင်း ပိုမိုပြီး ခိုင်မြဲမှုရှိပြီး သေသည့်တိုင် အကောင်းဆုံး ကျင့်ဆောက်တည်နိုင်ဖို့ ကြိုးစားအားထုတ်ကြပါစို့။
#စစ္စတာရ် ထရေဇား (SFX)