ဖာရီဇေးဦးတို့နှင့် ဟေရုဒ်တပည့် အချို့တိုသည် သခင်ယေဇူးကို ထောင်ချောက်ထဲ ရောက်ရန်အတွက် “ဉာဏ်နီဉာဏ်နက်” ဆင်နေကြသည်။ အရှေ့ပိုင်းတွင် သူတို့က သခင်ယေဇူးကို ဥပုသ်နေ့ ဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲခဲ့သည်။ အပြစ်သည်များနှင့်အတူ ထမင်းလက်ဆုံ စားခဲ့သည်။ ဘုရားသခင်ကို ထိခိုက်စော်ကားသော စကားများပြောသည် စသည့်စွပ်စွဲချက်များဖြင့် ကိုယ်တော်ကို စုံစမ်းနှောက်ယှက်ကြ၏။ ယခုမူကား ဟေရုဒ်တပည့် အချို့တို့ကို အထံတော်သို့ စေလွှတ်ကာ ကိုယ်တော့်ကိုသတ်ရန် ကြံစည်ကြလေ၏။ အထက်ပါ အရာအားလုံးသည် သူတို့၏ အတွင်းစိတ်၌ ဖြစ်ပေါ်လာသော ဘက်လိုက်မှု၊ မနာလိုဝန်တိုမှုနှင့် ခေါင်းမာခြင်းကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့အတွက် ဘာသင်ခန်းစာ ပေးပါသနည်း။ အကယ်၍ ကျွန်ုပ်တို့၏ အတွင်းစိတ်နှလုံးသည် ဖာရီဇေးဦးနှင့် ဟေရုဒ်တပည့် အချို့ကဲ့သို့သော စိတ်ဓါတ်များ ပိုင်ဆိုင်သူဖြစ်လျှင် အတွင်းစိတ်၌ မနာလိုမုန်းတီးခြင်း၊ အရာရာကို အကောင်းမမြင်ခြင်း၊ သူတစ်ပါးကို အခွင့်မလွှတ်နိုင်ခြင်း၊ သူတစ်ပါး၏ မကောင်းကြောင်းပြောခြင်း၊ တဖက်သောသူကို ဒုက္ခရောက်စေခြင်း စသည့် စိတ်ဓါတ်များရှိပါလျှင် ကျွန်ုပ်တို့သည်လည်း မိမိကိုယ်ကို ဆန်းစစ်၍ မိမိသည်လည်း ဖာရီဇေးဦးနှင့် ဟေရုဒ်၏ ဘက်တော်သား အချို့ကဲ့သို့ “ဟန်ဆောင်သော ရောပါပိုး” များ ကူးစက်ခံနေရပါသလား? ဟု မိမိကိုယ်ကို မေးခွန်းထုတ် ကြည့်ကြပါစို့။
#စစ္စတာရ် ဖလောရင်းရွှေ (SPC)