ယေဇူးသခင်၏ “ဘုရားသခင်သည် သေသောသူတို့၏ ဘုရားမဟုတ်၊ အသက်ရှင်သော သူတို့၏ ဘုရားဖြစ်တော်မူ၏” ဟူသော နှုတ်တော်ထွက်စကားတော်သည် သေသူတို့၏ ရှင်ပြန်ထမြောက်ခြင်းနှင့် အသက်ရှင်သော သူတို့၏ ဘဝအသက်တာကို အထူးပြု၍ မိန့်တော်မူခဲ့သော စကားတော်ဖြစ်သည်။ ကိုယ်တော်သည် လူ့ဘဝအသက်တာ၌ အဓိပ္ပါယ်ရှိသော လူသားများကို ကောင်းကျိုးပြုသောသူ၊ ဘဝ၏ဝဲဂယက်ထဲသို့ ပါမသွားအောင် သတိနှင့် နေထိုင်ရမည့်အကြောင်းကို မီးမောင်းထိုးထားခြင်း ဖြစ်သည်။ တက်ကြွနိုးကြားသော ဘဝအသက်တာဖြင့် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းကြရမည်ဟု ကျွန်ုပ်တို့ကို သင်ခန်းစာ ပေးနေပါသည်။ ကျွန်ုပ်တို့၏ ခွန်အားဖြစ်သော ဘုရားသခင်နှင့် အမြဲပေါင်းစပ်ခြင်းသည် ဘဝရှင်သန်ရေးအတွက် အားအင်ဖြစ်သည်။ ကိုယ်တော့်ထံမှ အသက်၏ အစားအစာကို ရယူပါသည်။ ဘုရားမှလာသော စွမ်းအင်ဖြင့် ကျွန်ုပ်တို့သည် မိမိတို့ နေ့စဉ်ဘဝအသက်တာ၌ မိမိ၏သွားလာလှုပ်ရှားမှု၊ နေပုံထိုင်ပုံ၊ အမူအကျင့်တို့သည် သူတစ်ပါးက ကျွန်ုပ်တို့၏ ဘဝ၌ ဘုရားကိုမြင်နိုင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်ဘုရားကို ဂုဏ်ပြုချီးမွမ်းကြပါလိမ့်မည်။
#စစ္စတာရ် ဖလောရင်းရွှေ (SPC)