Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-11-16 07:50:16
#17 November 2020 Daily Reflection
#(ေန့စဉ်ထောက်ရှုချက်များ) (ရှင်လုကား ၁၉း ၁-၁၀)
#စစ္စတာရ် ဖလော်ရီ (SPS)
Posted by M. Su Latt Htwe

သခင်ယေဇူးသည် လူအားလုံးအပေါ် ချစ်ခြင်းမေတ္တာပြလျှက် လူအားလုံးကို ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ဝင်ရန် ဖိတ်ခေါ်တော်မူသော်လည်း မသိသူကျော်သွား သိသူဖော်စားဆိုသကဲ့သို့ ဖာရီဇေဦးတို့သည် ခေါင်းမာပြီး ကိုယ်တော်ရှင်၏ မေတ္တာစေတနာကို တန်ဖိုးမထားသဖြင့် ကိုယ်တော်ရှင်၏ ကမ်းလှမ်းသော နိုငံတော်ထဲသို့ ဝင်နိုင်သည့် အခွင့်ထူးကို လက်လွှတ်ဆုံးရှုံး သွားခဲ့ကြသည်။ အခွန်ခံသူတို့မူကား တစ်ချိန်က ဆိုးမိုက်ခဲ့ကြသော်လည်း သခင်ယေဇူးဘုရားရှင်နှင့် တွေ့ဆုံပြီးနောက် ကိုယ်တော်ရှင်၏ မေတ္တာစေတနာကို သဘောပေါက်ကြပြီး မိမိတို့၏အမှားကို သိရှိကာ အမြင်မှန်ရပြီး နောင်တစွဲလျက် ဘဝသစ်ကို စတင်ခဲ့ကြသဖြင့် ကိုယ်တော်ရှင် ယူဆောင်လာသော ကယ်တင်ခြင်း ကျေးဇူးတော်ကို လက်ခံရရှိခဲ့ကြပါသည်။ ဇာခေဦးသည် သခင်ယေဇူးကို မြင်တွေ့လိုသော ဆန္ဒပြင်းထန်သောကြောင့် မိမိ၏အသက်အရွယ်၊ ရာထူးဂုဏ်များကို မထောက်၊ လူအများ ကဲ့ရဲ့မည်ကိုလည်း ဂရုမစိုက်ဘဲ လူငယ်တစ်ဦးပမာ သစ်ပင်ပေါ် တက်လေသည်။ "သင်တို့သည် ကျင့်ပြောင်းလဲ၍ သူငယ်ကဲ့သို့ မဖြစ်ကြလျှင် ကောင်းကင်နိုင်ငံတော်ထဲသို့ ၀င်ရမည်မဟုတ်" (မာတေဦး ၁၈း၃ ) သခင်ယေဇူးသည် ထိုနေရာသို့ ရောက်စဉ် မော့ကြည့်ရာ ဇာခေဦးနှင့် မျက်လုံးချင်းဆုံပေသည်။ ပျောက်သောသိုးကို ရှာဖွေသည်။သိုးထိန်းတော် သခင်ယေဇူး၏ ချစ်ခြင်းမေတ္တာ ပြည့်ဝသောအကြည့်သည် ဇာခေဦး၏ မာသောစိတ်နှလုံးကို ပျော့ပျောင်းစေခဲ့ပါသည်။ ဇာခေဦး၏ အခြေအနေကို ကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့သည်လည်း ဇာခေဦးနည်းတူ သခင်ယေဇူး ဘုရားရှင်ထံမှ ချစ်ခင်ကြင်နာမှု ပြည့်ဝသော ဖိတ်ခေါ်သံကို ကြားခဲ့ကြရပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့အတွက် ဤယနေ့ ဤအချိန်သည် အရေးကြီးသော အချိန်ဖြစ်ပါသည်။ မနက်ဖြန် ဟူသော အနာဂါတ် သည် မသေချာ မရေရာသော အရာဖြစ်သည်။ ယနေ့ ဤအချိန်သည် ကျွန်ုပ်တို့ လက်ထဲတွင်ရှိ၍ ကျွန်ုပ်တို့၏ အနာဂါတ် ဘ၀တစ်ခုလုံးကို ပြောင်းလဲနိုင်မည့် ဆုံးဖြတ်ချက်ကို ချနိုင်သော အချိန်အခါ သမယ ဖြစ်ပါသည်။
ဇာခေဦးသည် သခင်ယေဇူးကို မိမိ၏အိမ်ထဲသို့ ဝင်ရောက်ရန် ဖိတ်ခေါ်သကဲ့သို့ ကျွန်ုပ်တို့၏ ဘ၀တစ်ခုလုံးကို အုပ်စိုးရန်နှင့် စိတ်နှလုံးထဲ၌ ခရစ်တော်ရှင် လာရောက်စံမြန်းရန် ခရစ်တော်ဘုရားရှင်ကို ဖိတ်ခေါ် ကြိုဆိုတတ်သော နှလုံးသားပိုင်ရှင်များ ဖြစ်နိုင်ကြပါစေ။

 

#စစ္စတာရ် ဖလော်ရီ(SPS) 

Daily Reflection