သခင်ယေဇူးသည် မိုးဇယ်၏ ဥပဒေကျမ်းကို ကိုးကား၍ “သင်၏ အရှင်ဘုရားသခင်ကို သင်၏ နှလုံးအကြွင်းမဲ့ စိတ်အားရှိသမျှ၊ ဉာဏ်အားရှိသမျှ၊ ခွန်အားရှိသမျှ ချစ်လော့။ သင်နှင့် နီးစပ်သော သူကို သင့်ကိုယ်ကို သင်ချစ်သကဲ့သို့ ချစ်လော့။” ဤပညတ်တို့ထက်သာ၍ ကြီးမြတ်သော ပညတ်မရှိဟု မြွက်တော်မူသော စကားတော်သည် တခါတရံ ကျွန်ုပ်တို့ နားလည်မှု လွဲချင်လွဲနေပေလိမ့်မည်။ ဘုရားသခင်ကိုသာ ဦးစားပေးရမည် မဟုတ်ပါ။ အခြားအရာအားလုံးကို လျစ်လျူရှုထားရမည်ဟု အထင်လွဲမှားစရာ ရှိပါသည်။ ဤကမ္ဘာမိုးမြေတို့ကို ဘုရားသခင် ဖန်ဆင်းတော်မူသည်။ သက်ရှိသက်မဲ့ အရာအားလုံးတို့ကို တန်ဖိုးထားလျက် ကျေးဇူးတင်ရင်း ဘုရားသခင် ပေးသနားတော်မူသော “အသက်” နှင့် ကိုယ်တော် ဖန်ဆင်းထားတော်မူသော အရာအားလုံးတို့ကို လေးစားတန်ဖိုး ထားကြရမည်။ မိမိသည် ဘုရားသခင် ပေးသနားတော်မူသော ဤပညတ်ချက်များကို လက်တွေ့ဘဝ၌ အချင်းချင်း မည်ကဲ့သို့ ချစ်ခြင်းမေတ္တာကို လက်တွေ့ကျင့်ကြံ နေထိုင်ကြပါသနည်း။
#စစ္စတာရ် ဖလောရင်းရွှေ (SPC)