Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-06-05 07:41:32
#ဇွန်လ (၆)ရက် / တနင်္ဂနွေနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်မာကု (၁၄း ၁၂ - ၁၆၊ ၂၂ - ၂၆)
#စစ္စတာရ် ဖလောရင်းရွှေ (SPC)
Posted by M Sulatthtwe

ကာတိုလိပ်အသင်းတော်၏ ဝတ်ပြုကိုးကွယ်ခြင်း၊ မစ္ဆားတရား ပူဇော်ခြင်း၏ ပုံစံအမျိုးမျိုးသည် ခေတ်နှင့်အပြိုင် တိုးတက်ပြောင်းလဲလာခဲ့သည်။ ဥပမာပြရလျှင် ယခင်က မစ္ဆားတရား ပူဇော်သော ရဟန်းတော်သည် ဘုရားစင်ဘက်တွင် မျက်နှာမူ၍ မစ္ဆားပူဇော်ခဲ့ကြသည်။ နောက်ပိုင်းတွင် ရဟန်းသည် ပရိတ်သတ်ဘက်လှည့်၍ ဘာသာသူများနှင့်အတူ မစ္ဆားပူဇော်ကြသည်။ သို့သော် မပြောင်းလဲသည်မှာ ကိုယ်တော်မြတ် ဖန်ဆင်းရာ၌ အသုံးပြုသော မင်္ဂလာစကားတော်သည် မပြောင်းလဲပေ။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် အသင်းတော်၏ သွန်သင်ချက်နှင့်အညီ သစ္စာရှိရှိ စက္ကမင်တူးများ ကျင်းပခြင်း၊ အထူးသဖြင့် ကိုယ်တော်မြတ် စက္ကမင်တူးကို တည်ထောင်ခဲ့သော ကိုယ်တော်ရှင်၏ ညစာစားပွဲတော်သည် လူသားများအတွက် ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝသော ခရစ်ယာန်ဘဝ အသက်တာကို အဓိပ္ပါယ်သိသိ၊ သတိရှိရှိနှင့် ဘာသာသူများ အပြည့်အဝ တက်ကြွစွာ ပါဝင်နိုင်ရန် ရည်ရွယ်ပါသည်။ မစ္ဆားတရားတော်မြတ်ကို နာယူခြင်း အကြိမ်အရေအတွက် များလာသောအခါ ဘာသာသူများ၏ စိတ်ထဲ၌ “ရိုးသွားပြီ” မစ္ဆားတရားတော်၏ တန်ဖိုးသည် အတိုင်းအဆမရှိ ကြီးမားသည်ကို မေ့လျော့နေတတ်ကြသည်။ မြတ်စွာဘုရားရှင်၏ ပညတ်တော် (၁၀)ပါးတွင် ပါရှိသော တတိယအချက်ဖြစ်သည့် “ဘုရားရှင်၏ သီတင်းပွဲနေ့တို့ကို စောင့်လော့” ဆိုသည့်အတိုင်း ဝတ္တရားအရ ဘုရားကျောင်းတက်၊ တရားနာနေကြသည့် ဘာသာသူများ မဖြစ်စေရန် ကျွန်ုပ်တို့ကို သင်ခန်းစာ ပေးနေပါသည်။ ဤယနေ့ “ကိုယ်တော်မြတ်ပွဲတော်” ကို ကျင်းပခြင်းအားဖြင့် သခင်ယေဇူးကို ကျေးဇူးတင်သောစိတ်ဖြင့် ဘုရားသခင်နှင့် လူသားတို့၏ ဝိညာဉ်အာဟာရ ကောင်းကင်ဘောစဉ်ဖြစ်သော ကိုယ်တော်မြတ် စက္ကမင်တူးကို ထိုက်တန်စွာ ပင့်ယူနိုင်ကြရန် ကြိုးစားကြပါစို့ဟု ဖိတ်ခေါ်ချင်ပါသည်။

#စစ္စတာရ် ဖလောရင်းရွှေ (SPC)

 

Daily Reflection