ယေဇူးသခင်သည် လူစုလူဝေးတို့ကို မြင်တော်မူလျှင် တောင်ပေါ်သို့ တက်တော်မူ၍ ထိုင်နေတော်မူသောအခါ တပည့်တော်တို့သည် အထံတော်သို့ စုဝေးလာကြ၏။ ကိုယ်တော်သည် မိမိ၏နှုတ်တော်ကို ဖွင့်၍ သူတို့ကို မင်္ဂလာတရားရှစ်ပါး သွန်သင်တော်မူ၏။ ဤမင်္ဂလာတရားရှစ်ပါးကို လူ့မျက်စိဖြင့်ကြည့်လျှင် မင်္ဂလာမဟုတ်ပေ။ ကျွန်ုပ်တို့လူသား၏ ရှုထောင့်နှင့် ဘုရား၏ရှုထောင့်သည် မတူညီပေ။ သခင်ဘုရား တန်ဖိုးထားသောအရာသည် ကောင်းကင်နှင့်ဆိုင်သော ဘဏ္ဍာဖြစ်သည်။ ဤဘဏ္ဍာတော်တွင် “တရားမျှတခြင်း” “ငြိမ်းချမ်းခြင်း” “သာယာသော နောင်တမလွန်ဘဝ” စသည့် မိုးကောင်းကင် သုခချမ်းသာ ရရှိနိုင်ရန်အတွက် မင်္ဂလာတရားကို ဘာသာသူညီအစ်ကို မောင်နှမများအတွက် ရည်ရွယ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်ဘုရား၏ သွန်သင်တော်မူသည့် တရားတော်အတိုင်း နေထိုင်လျှင် တခါတရံ ကျွန်ုပ်တို့ဖိအားပေးခြင်း ခံရတတ်ပါသည်။ ဤစိန်ခေါ်မှုကို ကျွန်ုပ်တို့ဘက်မှ မည်ကဲ့သို့ တုံ့ပြန်မည်နည်း။ ကျွန်ုပ်တို့၏ တုံ့ပြန်မှုသည် လူသားများနှင့် မိမိနှင့် နီးစပ်သောသူများကို အကျိုးပြုပါသလော။
#စစ္စတာရ် ဖလောရင်းရွှေ (SPC)