ကျွန်ုပ်တို့ ခရစ္စတီယာန် ဘဝအသက်တာသည် ဧဝံဂေလိ တရားတော်ကို သက်သေခံသောသူ၊ ဘုရားသခင်၏ ကောင်းမြတ်တော်မူခြင်း၊ ဧဝံဂေလိ တရားတော်ကို လက်တွေ့ ကျင့်ကြံခြင်း၊ ခရစ္စတူးအတွက် သက်သေခံခြင်းတို့သည် ကျွန်ုပ်တို့ ဆေးကြောခြင်းခံစဉ်က ဘုရားသခင်၏ သားသမီး ဖြစ်ခွင့်ရခဲ့ကြသော လက်ဆောင်ကို လက်တွေ့ အကောင်အထည် ဖော်ရန်အတွက် ကျွန်ုပ်တို့ကို ဖိတ်ခေါ်နေခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာအရပ်ရပ်သို့ သွား၍ ကိုယ်တော်၏ တရားတော်ကို ဟောပြောရန် စေလွှတ်ခြင်း ခံရသောသူများ ဖြစ်ကြသည်။ ကျွန်ုပ်တို့ ကိုယ်တိုင်က ကျေးဇူးတော်နှင့် ပြည့်ဝနေသောသူ ဖြစ်ရန် လိုအပ်ပါသည်။ မိမိ၏ အတွင်းစိတ်တွင် ဘုရားရှိမှသာ သူတစ်ပါးကို ဘုရားအကြောင်း ဝေငှပြောဆိုနိုင်မည်။ ယခုခေတ်အခါတွင် ဝတ္ထုပစ္စည်း များစွာတို့သည် ကျွန်ုပ်တို့ကို ဆွဲဆောင်အား အပြည့် ရှိပါသည်။ စိန်ခေါ်မှုလည်း များစွာ ရှိပါသည်။ ကျွန်ုပ်တို့သည် သတိနှင့်နေထိုင်၍ ခေတ်ရေစီးကြောင်းထဲသို့ ပါမသွားအောင် မိမိကိုယ်ကို သတိပြုရပါမည်။ နှောက်ယှက်ခြင်းသို့ မပါဝင်စေရန် အထူးသတိပြုရပါမည်။ မိမိ၏ဝိညာဉ်ရေးရာ တိုးတက်မှု ရရှိရန်အတွက် ဘုရားကို အချိန်ပေးရပါမည်။ မိမိတတ်နိုင်သလောက် နေ့စဉ် မိမိ၏ ဘုရားအား ပေးနိုင်သည့်အချိန် အတိုင်းအတာအလျောက် ဝိညာဉ်ရေးရာ တိုးတက်အောင် ဘုရားသခင်နှင့် ပေါင်းစပ်ရပါသည်။ ပါရမီများ စုဆောင်းရပါသည်။ သို့မှသာ ကျွန်ုပ်တို့သည် သခင်ယေဇူး ရည်ညွန်းသော လောက၏ဆား၊ လောက၏ အလင်း ဖြစ်လာပါလိမ့်မည်။ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ဆက်လက် ကြိုးစားသွားကြပါစို့။
#စစ္စတာရ် ဖလောရင်းရွှေ (SPC)