ယေဇူးသခင် မိန့်တော်မူသော နှုတ်ကပတ်တော်တွင် “ပညာတရားကျမ်းနှင့် ပရောဖက်ကျမ်းများကို ပယ်ဖျက်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။ ပယ်ဖျက်ခြင်းငှာ မဟုတ်၊ ပြီးပြည့်စုံစေခြင်းငှာ ငါလာသတည်း” ဟူသော စကားတော်သည် မည်သူမဆို ပညတ်တော်များကို ကိုယ်တိုင်ကျင့်၍ အခြားသူတို့အားလည်း ကျင့်ရန်သွန်သင်လျှင် ထိုသူသည် ကောင်းကင်နိုင်ငံတော်တွင် ကြီးမြတ်သောသူဟု အခေါ်ခံရလိမ့်မည်။ ကျွန်ုပ်တို့၏နောက်ဆုံး ဘဝခရီးပန်းတိုင်သည် မိုးကောင်းကင် ထာဝရသုခချမ်းသာ ဖြစ်သည်။ သာသနာပိုင်ချုပ် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်သည် ၂၀၁၅ ခုနှစ် ဧပြီလ (၁၁)ရက်နေ့တွင် စာချွန်တော် ထုတ်ဝေခဲ့သည်။ ထိုနှစ်ကို “ဂရုဏာရှင်ယေဇူးနှစ်”အဖြစ် သတ်မှတ်ခဲ့သည်။ စာချွန်တော်၏ နံပါတ် (၂၀)တွင် ရဟန်းမင်းကြီးက “ဘုရားသခင်၏ သနားဂရုဏာနှင့် တရားမျှတခြင်းသည် ဒွန်တွဲနေသည်။ ဤဂရုဏာတော်နှင့် တရားမျှတခြင်းသည် အတူယှဉ်တွဲ ကြီးထွားလျက် ချစ်ခြင်းမေတ္တာ၌ အထွတ်အထိပ်သို့ ရောက်ရှိသည်” ဟူ၍ စာချွန်တော်တွင် ပါရှိပါသည်။ ထို့ကြောင့် ကာသိုလိပ် အသင်းတော်၌ အသင်းတော် တခုလုံးဖြစ်စေ၊ မိမိတစ်ဦးတည်းပင်ဖြစ်စေ ကိုယ်တော်၏ တရားတော်ကို လိုက်နာကြလျက် အသက်ရှင် နေထိုင်ကြသော ဘုရားသခင်၏ သားသမီးများ ဖြစ်ကြပါသလော?
#စစ္စတာရ် ဖလောရင်းရွှေ (SPC)