“သင်တို့၏အကျင့်သည် ကျမ်းတတ်ဆရာနှင့် ဖာရီဇေးဦးတို့၏ အကျင့်တရားထက် သာ၍ မမွန်မြတ်လျှင် သင်တို့သည် ကောင်းကင်နိူင်ငံသို့ ဝင်ကြရလိမ့်မည်မဟုတ်” ဟု ယေဇူးသခင် မိန့်တော်မူသော နှုတ်တော်ထွက်စကားကို ကြားလျှင် ကျွန်ုပ်တို့၏ စိတ်ထဲ၌ ဤအထက်ပါ ပါရမီကိုကျင့်ရန် ခက်ခဲမှု၊ စိန်ခေါ်မှုရှိသည်ကို ကျွန်ုပ်တို့အား ဖော်ပြထားလေသည်။ ကျွန်ုပ်တို့၏ နေ့စဉ်ဘဝအသက်တာတွင် ကျွန်ုပ်တို့၏ အတွင်းစိတ်ကို အမြဲစစ်ဆေးရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ မနာလို မုန်းတီးမှု၊ အမျက်ဒေါသ စသည့် မကောင်းမှုများကို ရှောင်ကြဉ်နိုင်မှသာ ကျွန်ုပ်တို့သည် အတွင်းစိတ် လွတ်လပ်သောသူ ဖြစ်လာပါလိမ့်မည်။ အတွင်းစိတ်၏ လွတ်လပ်မှုသည် အရေးကြီးပါသည်။ သို့မှသာ ကျွန်ုပ်တို့သည် ကောင်းသောကာသိုလိပ် အသင်းသူ၊ အသင်းသားများ ဖြစ်လာပါလိမ့်မည်။ ဆေးကြောခြင်း ခံစဉ်က ဘုရားသခင်၏ သားသမီး ဖြစ်ခွင့်ရသော ကျေးဇူးတော်ကို အစဉ်ကျေးဇူးတင်လျက် မိမိတို့၏ဘဝတွင် မစ္ဆားတရားပါဝင်ခြင်း၊ ဆုတောင်းမေတ္တာများ ပူဇော်ခြင်းနှင့် မလုံလောက်ဘဲ ကျွန်ုပ်တို့၏ နေ့စဉ်ဘဝတွင် ကိုယ်တော်၏ တရားတော်အတိုင်း လိုက်ကျင့်ကြလျက် လက်တွေ့ပါသော အကျင့်ပြောင်းလဲမှု၊ ကောင်းသောအကျင့် ပြောင်းလဲမှုကို ဘုရားသခင် နှစ်သက်တော်မူပါသည်။
#စစ္စတာရ် ဖလောရင်းရွှေ (SPC)