ယနေ့သည် ယေဇူးရွှေနှလုံးတော်၏ပွဲနေ့ ဖြစ်သည်။ အသက်ပေးသော နှုတ်တော်ထွက် စကားတော်သည် ယေဇူးသခင်၏ နံဘေးတော်ကို စစ်သူရဲတစ်ဦးသည် လှံဖြင့် ထိုးလိုက်သဖြင့် သွေးနှင့်ရေသည် ချက်ချင်း ထွက်လာ၏။ လူသားများကို ချစ်သောကြောင့် ကိုယ်တော်သည် တံကျင်ပေါ်တွင် ကျွန်ုပ်တို့၏ အပြစ်များ ဒဏ်ဆပ်ဖြေရန်အတွက် ကိုယ်တော် အသွေးတော် သွန်းလောင်းကာ နောက်ဆုံး သွေးနှင့် ရေကိုပါမကျန် သွန်းလောင်း တော်မူသည်။ ယနေ့ ကျွန်ုပ်တို့လည်း မိမိတို့၏ ဒုက္ခအခက်အခဲမျိုးစုံ၊ လူ့အသိုင်းအဝိုင်းမှ တခါတရံ အပယ်ခံရမှု၊ ကိုယ်ခန္ဓာ ပင်ပန်း နွမ်းနယ်မှုတို့ကို ပူဇော်တတ်ရန် ဖိတ်ခေါ်နေပါသည်။ အချို့သော လူများသည် ကျွန်ုပ်တို့ ခံစားရသော ဒုက္ခထက် အဆပေါင်းများစွာ ခံထမ်းကြရသည်။ ကျွန်ုပ်တို့၏ နိုင်ငံတွင် သော်လည်းကောင်း၊ တခြားပြည်ပ နိုင်ငံများတွင် သော်လည်းကောင်း ကိုးကွယ် ယုံကြည်ရာ မတူညီမှုနှင့် ယဉ်ကျေးမှု ကွဲပြားခြင်းကြောင့် ညှင်းပမ်း နှိပ်စက်ခြင်း ခံနေကြသော ညီအစ်ကို မောင်နှမ များစွာ ရှိပါသည်။ ဤနည်းအားဖြင့် သခင်ယေဇူး၏ ဒုက္ခစရိယာသည် ဆက်လက်၍ ခံစားနေရမည် ဖြစ်သည်။ မိမိ၏ သားသမီး၏ အနာဂတ်အတွက် မရေရာ မသေချာသော အခြေအနေကို ရင်ဆိုင်နေရသည့် မိခင်၏ မျက်နှာသည် ယေဇူးသခင်၏ မျက်နှာတော် ဖြစ်သည်။ ကျွန်ုပ်တို့ဘဝ၌ မည်သည့်အရာကို ရှာနေကြပါသနည်း။
#စစ္စတာရ် ဖလောရင်းရွှေ (SPC)