ဤကျမ်းပိုဒ်သည် ကျွန်ုပ်တို့အား လက်စာချေခြင်း မပြုအပ်ကြောင်း သွန်သင်တော်မူသည်။ စစ်မှန်သော ကာသိုလိပ် ဘာသာဝင် တစ်ဦး၏ ထူးခြားချက်သည် အဘယ်နည်း။ သူတပါးအား ချစ်ခြင်းမေတ္တာ ပြသခြင်းပင် ဖြစ်သည်။ အကူအညီ လိုအပ်နေသောသူကို သွားရောက်၍ ကူညီခြင်း၊ ဘုရားသခင် ထံတော်မှ အခကြေးငွေ တစိုးတစိမှ မပေးဘဲ ရရှိသော ကျေးဇူးတော်များကို သူတစ်ပါးထံမှ အဖိုးအခ မယူဘဲ အဖြူသက်သက် ပြန်လည် ပေးဆပ်ရမည် ဟူသော အသိတရားပင် ဖြစ်သည်။ သူတစ်ပါး ကိုယ့်အပေါ် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကျွန်ုပ်ဘက်မှ တုံ့ပြန်ရသော အရာသည် ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ဘုရားထံမှ ချစ်ခြင်းမေတ္တာ အခမဲ့ ရရှိသည့် ကျွန်ုပ်တို့သည် ဤချစ်ခြင်း မေတ္တာကို ပြန်လည်ဝေငှရန် လိုအပ်သည်။ ဤအချက်ကို လိုက်နာ ကျင့်သုံးရန်အတွက် ခက်ခဲလှပါသည်။ စိန်ခေါ်မှု အပြည့် ပါရှိပါသည်။ သို့သော် ဤခက်ခဲလှသည့် အချက်ကို ကျင့်နိုင်ခြင်းသည် “ကျေးဇူးတော်” ဖြစ်သည်။ ယေဇူးသခင်၏ အနန္တချစ်ခြင်း မေတ္တာကြောင့် လူသားတို့ အပြစ်ခွင့်လွှတ် ချမ်းသာ ခံစားရပြီး မိုးကောင်းကင် တံခါးတော် ဖွင့်တော်မူခဲ့သည်။ ကျွန်ုပ်လည်း သခင်ယေဇူး ကဲ့သို့သော စိတ်ဓါတ်ဖြင့် မိမိ၏ ရန်သူကို ခွင့်လွှတ်နိုင်သော သူဖြစ်ပါသလော။ မိမိကို ပြစ်မှားမိသောသူကို ခွင့်လွှတ်နိုင်ပါသလော။
#စစ္စတာရ် ဖလောရင်းရွှေ (SPC)