ဤနှုတ်တော်ထွက် ကျမ်းပိုဒ်သည် ကျွန်ုပ်တို့ကို ဆုတောင်းလျှင် မည်ကဲ့သို့ ဆုတောင်းရမည့် အကြောင်းကို ကိုယ်တော် သွန်သင်တော်မူသည်။ “သင်တို့ ဆုတောင်း ကြသောအခါ လူမျိုးခြားတို့ နည်းတူ များစွာသော စကားလုံးများကို မရွတ်ဆိုကြနှင့်” ဟု မိန့်မြွက် တော်မူသည်။ ကိုယ်တော်သည် သူ၏ တပည့်တော်ကြီးများကို ဆုတောင်းမေတ္တာ ပြုလုပ်သောအခါ “မိမိ၏ အခန်းတွင်းသို့ ဝင်၍ တံခါးကို ပိတ်ပြီးမှ ဆိတ်ကွယ်ရာ၌ သင်၏အဖထံ ဆုတောင်းခြင်းကို ပြုကြလော့” ဟုမိန့်မှာ တော်မူသည်။ မစ္ဆားပူဇော်ခြင်း၌ ကိုယ်တော်မြတ် ပင့်ယူခန်းတွင် ရဟန်းက “သခင်ယေဇူး၏ အမိန့်တော်ကို နာခံ၍ ကိုယ်တော်ရှင် စီရင် သင်ကြား တော်မူခဲ့သော ပတ္ထနာတော်ကို ရဲဝံ့စွာ ရွတ်ဆိုကြစို့” ဟု တရားနာ ပရိတ်သတ်အား ဖိတ်ခေါ်ပါသည်။ ဤကောင်းကင်ဘုံ၌ မေတ္တာသည် အကယ်စင်စစ် သတင်းကောင်းကျမ်း အနှစ်ချုပ်ဖြစ်၍ ဆုတောင်းမေတ္တာ ဟူသမျှ၏ အထွတ်အထိပ် ဖြစ်သည်။ ဤမေတ္တာတွင် ပါဝင်သော ပထမ တောင်းဆိုချက် (၃)ချက်သည် ကောင်းကင်ဘုံရှိ အဖ၏ ဂုဏ်တော်အတွက် ဖြစ်၍ ကျန်(၄)ချက်မှာ ကျွန်ုပ်တို့၏ လိုအင်ဆန္ဒများကို တင်ပြခြင်း ဖြစ်သည်။ အရေးကြီးသော အချက်မှာ ကျွန်ုပ်တို့၏ အပြစ်အမှားများအတွက် ဘုရားသခင်၏ သနား ဂရုဏာတော်ကို တောင်းလျှောက်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် သခင်ဘုရား၏ ကျေးဇူးတော် အကူအညီဖြင့် ရန်သူများကို ခွင့်လွှတ်တတ်မှသာ ထိုဂရုဏာတော်သည် ကျွန်ုပ်တို့၏ နှလုံးကို ထိုးဖောက်နိုင်မည် ဖြစ်သည်။ ဆက်လက်၍ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် မိမိကို ထိပါးသော သူတစ်ပါးကို ခွင့်လွတ်နိုင်ရန် ကြိုးစားကြပါစို့။
#စစ္စတာရ် ဖလောရင်းရွှေ (SPC)