Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-06-19 07:43:02
#ဇွန်လ (၂၀)ရက် / တနင်္ဂနွေနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်မာကု (၄း ၃၅ - ၄၁)
#စစ္စတာရ် ဖလောရင်းရွှေ (SPC)
Posted by M Sulatthtwe

“ယေဇူး” သည် မည်သူဖြစ်သနည်း။ ကိုယ်တော်သည် လေနှင့်လှိုင်း တံပိုးတို့ကို ငြိမ်သက်လော့ဟု အမိန့်ပေးတော်မူလျှင် လေမုန်တိုင်းစဲပြီး ပင်လယ်ပြင်သည်လည်း ငြိမ်သက်သွားလေ၏။ တပည့်တော်ကြီးများသည် ကိုယ်တော်ကို “ဆရာ” ဟု ရိုးရိုးသာ နားလည်ခဲ့ကြသည်။ ယေဇူးသခင် ရှင်ပြန်ထမြောက်ပြီး ထင်ရှားပြသောအခါတွင်သာ တပည့်တော်တို့သည် မျက်စိပွင့်ကာ “သခင်” ဟု ကိုယ်တော်ကို ခေါ်ကြသည်။ လေမုန်တိုင်းကြီး ကျရောက်သဖြင့် လှိုင်းတံပိုး ရိုက်ခတ်သောကြောင့် လှေသည် ရေပြည့်လုမတတ် ဖြစ်နေသည့် အခြေအနေကို တပည့်တော်တို့သည် ရင်ဆိုင်နေချိန်တွင် သခင်ယေဇူးသည် သူတို့နှင့်အတူ ရှိနေသောကြောင့် အချိန်မှီ လှိုင်းတံပိုးများပင်လျှင် ကိုယ်တော်၏အမိန့်ကို နာခံကြရပါသည်။ ကျွန်ုပ်တို့ဘဝတွင်လည်း ယခင်၊ ယခု၊ အနာဂတ်တွင်လည်း ဘဝမုန်တိုင်းကြီးနှင့် ရင်ဆိုင်ကြရသည်။ ဤအခြေအနေတွင် ယေဇူးသခင်သည် ကျွန်ုပ်နှင့်အတူ ရှိနေသည်။ မည်သည့် ဘေးရန်ကိုမဆို မကြောက်ပါ။ ဘဝမုန်တိုင်းများသည် မိမိကိုယ်ကို ပိုမို၍ ရင့်ကျက်စေသောသူ၊ အတွင်းစိတ် ငြိမ်သက်ပြီး ပျော်ရွှင်သောသူ ဖြစ်စေပါသည်။ ဘဝအခက်အခဲများ ကြားထဲမှ ကိုယ်တော်၏ ကျေးဇူးတော်ကို ရရှိရန်အတွက် ဆုတောင်းကြစို့။ သင့်အတွက် “ယေဇူးသခင်” သည် မည်သူနည်း။ ယေဇူးနှင့် အတူရှိလျှင် မည်သည့် အရာကိုမျှ မကြောက်ပေ။

#စစ္စတာရ် ဖလောရင်းရွှေ (SPC)

 

Daily Reflection