စိတ်ပညာပိုင်းဆိုင်ရာ ပညာရှင်များနှင့် ဝိညာဉ်ရေးဆိုင်ရာ အတတ်ပညာရှင်များက အောက်ပါကဲ့သို့ ယူဆကြသည်။ လူတစ်ဦးတစ်ယောက်၏ ဘဝခံယူချက်နှင့် သူ၏နေ့စဉ် ဘဝနေထိုင် သွားလာပုံတို့သည် ၎င်း၏စိတ်နေစိတ်ထားနှင့် ဆက်စပ်မှု များစွာရှိသည်။ ကျွန်ုပ်တို့၏ နေ့စဉ်ဘဝတွင် အကောင်းနှင့်အဆိုး အမြဲဝေဖန် နေကြရသည်။ အကယ်၍ လူတစ်ဦး တစ်ယောက်သည် အမြဲ သူတစ်ပါးကို ဝေဖန်နေလျှင်၊ အပြစ်ရှာနေလျှင် ဤသူ၏ အတွင်းစိတ်သည် သိမ်ငယ်သောစိတ် ရှိသည်။ ဤသိမ်ငယ်သော စိတ်ဓာတ်သည် သူ၏မိသားစု အခြေအနေကြောင့် သော်လည်းကောင်း၊ ငယ်ရွယ်စဉ် မိသားစုတွင် အချစ်မခံရသောသူ (သို့မဟုတ်) မိမိ၏နှလုံးတွင် ဒဏ်ရာဒဏ်ချက် အပြည့်နှင့် ရှိနေသောသူသည် သူတစ်ပါးကို ဝေဖန် အပြစ်တင်ရန် လွယ်ကူလှပါသည်။ ကိုယ်တော်သည် တပည့်တော်ကြီးများကို သင်ကြားတော်မူသည်မှာ “သင်၏ မျက်စိထဲမှ သစ်တုံးကို ဦးစွာ ထုတ်ပစ်လော့။ သို့မှသာ သင့်ညီအစ်ကို၏ မျက်စိထဲမှ သစ်သားစကို ထုတ်ပစ်ရန် ကောင်းစွာ မြင်နိုင်ပေလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝတွင် မိမိ၏ ဩတ္တပစိတ်ကို နေ့တိုင်း စစ်ဆေးရန် လွန်စွာ အရေးကြီးသည်။ သို့မဟုတ်လျှင် သူတပါးက ကျွန်ုပ်တို့၏ အပြင်လက္ခဏာကို ကြည့်၍ “ဘုရားတရား” ကြည်ညိုသောသူဟု အထင်ခံရမည်။ အမှန်တကယ်မှာ မိမိ၏ အတွင်းစိတ်သည် ကောက်ကျစ် စဉ်းလဲနေကာ ဟန်ဆောင် လောကတွင် ကျင်လည်နေရမည် ဖြစ်သည်။ ကိုယ့်ကိုယ်ကို၏ အပြစ်ကို အမြဲမြင်နိုင်ရန် ဆုကျေးဇူးတော်ကို သခင်ဘုရားထံ တောင်းလျှောက် ကြပါစို့။
#စစ္စတာရ် ဖလောရင်းရွှေ (SPC)