သခင်ယေဇူး၏ ရွှေဥပဒေသ “သူတစ်ပါးတို့သည် သင်တို့အား ပြုစေလိုသည့်အတိုင်း သင်တို့သည်လည်း သူတစ်ပါးတို့အား ပြုကြလော့။ ဤဥပဒေသည် မိမိကိုယ်ကို လေးစားမှု၊ ချစ်ခြင်းမေတ္တာ၊ လူမှုရေးကျင့်ဝတ်၏ အခြေခံအချက်ဖြစ်ကြောင်း ကျွန်ုပ်တို့ကို ထောက်ရှုစေချင်ပါသည်။ လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားသည် အရေးကြီးပါသည်။ မိမိ၏အတွင်းစိတ်သည် ကျန်းမာစွာဖြင့် မိမိကိုယ်ကို ကောင်းအောင် ကြိုးစားရန် မိမိ၏ဂုဏ်သိက္ခာကို ထိန်းသိမ်းအသက်ရှင်ကာ သူတစ်ပါးကိုလည်း လေးစားချစ်ခင်ရန် ကြီးသူကိုရိုသေ၊ ငယ်သူကို လေးစားနိုင်ရန်အတွက် ကျွန်ုပ်တို့တစ်ဦးချင်းစီကို ဖိတ်ခေါ်နေပါသည်။ မိမိသည် သူတစ်ပါးကို လေးစားချစ်ခင်သူတစ်ဦး ဖြစ်ပါသလား။
#စစ္စတာရ် ဖလောရင်းရွှေ (SPC)