Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-06-22 07:36:35
#ဇွန်လ (၂၃)ရက် / ဗုဒ္ဓဟူးနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်မာတေဦး (၇း ၁၅ - ၂၀)
#စစ္စတာရ် ဖလောရင်းရွှေ (SPC)
Posted by M Sulatthtwe

ကျွန်ုပ်တို့ လက်ရှိနေထိုင်သော သဘာဝလောကတွင် မျိုးကောင်းသော အပင်သည် အသီးကောင်းကို သီးတတ်၏။ မျိုးညံ့သော အပင်မူကား အသီးညံ့ကို သီးတတ်၏။ ဤသဘာဝ ဖြစ်စဉ်ကို သံသယ ဖြစ်စရာ မလိုပေ။ ယေဇူးသခင်၏ ဤနှုတ်တော်ထွက် စကားတော်သည် ကျွန်ုပ်တို့ကို ဘဝ၌ မကောင်းမှုကို အဆုံးသတ်စေရန် ထောက်ရှု စေချင်ပါသည်။ ယေဇူးသခင် ဖိတ်ခေါ်နေပါသည်။ ပြဿနာတစ်ခု ဖြစ်လာလျှင် သို့မဟုတ် ဒုစရိုက်မှုတစ်ခု ပေါ်ပေါက်လာလျှင် ဤပြဿနာ သို့မဟုတ် ဒုစရိုက်၏ အရင်းအမြစ်ကို လိုက်ရှာ၍ ဖြစ်ပွားရခြင်း အကြောင်းရင်း၊ ဆိုးကျိုးများ ဖြစ်ပွားရခြင်း စသည့် ဇစ်မြစ်ကို လိုက်လံ ရှာဖွေမှသာလျှင် ဤဆိုးကျိုးကို ဖြေရှင်းနိုင်မည် ဖြစ်သည်။ ကျွန်ုပ်တို့ ကာသိုလိပ် အသင်းတော်၏ ဘာသာရေး သွန်သင်မှုတွင် “အပြစ်ရင်း” သည် ယနေ့လောကတွင် လူ့အဖွဲ့အစည်း၊ နိုင်ငံအသီးသီး၊ လူမျိုးပေါင်းစုံ၊ အသင်းတော်များ၊ မိသားစုများ၊ မိမိတို့ တစ်ဦးချင်းစီ၏ မကောင်းမှုများ၏ ဇစ်မြစ် ဖြစ်သည်။ ကျွန်ုပ်တို့၏ နေ့စဉ်ဘဝ အသက်တာတွင် အကောင်းနှင့်အဆိုးကို ရွေးချယ် နေရပါသည်။ မိမိ၏ လွတ်လပ်မှုဖြင့် ရွေးချယ်ပိုင်ခွင့် ရှိပါသည်။ ကျွန်ုပ်တို့သည် ကောင်းရာကို ရွေးချယ်လျှင် ကောင်းသောအကျိုး ဖြစ်ပေါ်စေ၍ မကောင်းသော အချက်ကို ရွေးချယ်လျှင် မိမိရွေးမှားသော ဆိုးကျိုးကြောင့် မျိုးညံ့သော အပင်တွင် အသီးကောင်းကို မသီးနိုင်သော အခြေအနေသို့ ဆိုက်ရောက်မည် ဖြစ်ပါသည်။ မကောင်းသော အသီးကို သီးသော အပင်သည်လည်း မီးရှို့ဖျက်ဆီးခြင်း ခံရပါလိမ့်မည်။ ဤအချက်ကို ကျွန်ုပ်တို့ အလေးအနက်ထား ရင်ဆိုင်ရန် ဤကျမ်းပိုဒ်ဖြင့် သခင်ယေဇူး ဖိတ်ခေါ်နေပါသည်။ ကျွန်ုပ်တို့လည်း သခင်ယေဇူး၏ ကျေးဇူးတော်ကို အမှီပြု၍ ကြိုးစားအားထုတ်ကာ ဘဝတွင် ကောင်းသောအသီးများ သီးနိုင်ရန်အတွက် ကြိုးစားကြပါစို့။

#စစ္စတာရ် ဖလောရင်းရွှေ (SPC)

 

Daily Reflection