ယေဇူးသခင်၏ ဂရုဏာ သနားခြင်းသည် လူသားများ၏ ဝမ်းနည်း ကြေကွဲခြင်း၊ စိတ်ဆင်းရဲ ဒုက္ခရောက်ခြင်း၊ အနာဂတ်အတွက် မျှော်လင့်ချက် ကင်းမဲ့ခြင်းတို့ အပေါ် ယေဇူးသခင်၏ ရွှေစိတ်တော်သည် အမြဲသနား တော်မူသည်။ ယနေ့ နှုတ်တော်ထွက် စကားတော်တွင် ဂျိုင်းရု၏ သမီးကို ပျောက်ကင်း စေတော်မူခဲ့သည်။ သွေးသွန် ရောဂါဝေဒနာကို ခံစားနေရသော အမျိုးသမီးသည် ရဲဝံ့စွာဖြင့် သူတို့၏ လူမျိုး ဂျူးလူမျိုးတို့၏ ရှေးထုံး အစဉ်အလာနှင့် ဘာသာရေး ကန့်သတ်ချက်များကို လျစ်လျူရှုကာ ကိုယ်တော်၏ နောက်တော်မှ လူအစုအဝေး ထဲသို့ဝင်၍ ကိုယ်တော်၏ ဝတ်ရုံတော်ကို ရဲဝံ့စွာ တို့ထိလေ၏။ ဂျိုင်းရု၏ ကိုယ်တော်ရှင် အပေါ် ထားရှိသော ယုံကြည်ခြင်းကြောင့် သူ၏ သမီးသည် ပြန်ရှင်ခွင့် ရရှိခဲ့သည်။ ကျွန်တော်/မလည်း မိမိ၏ အတွင်းစိတ်တွင် ရှိသော ရောဂါ အနာအဆာတို့ကို ယေဇူးအား ကုသခွင့် ပေးမည်လော။ ယေဇူးသခင် သင်၏ အတွင်းစိတ်တွင် ရှိသော အနာရောဂါကို ကုသပေးနိုင်သည်ကို သင်ယုံကြည်ပါသလော။
#စစ္စတာရ် ဖလောရင်းရွှေ (SPC)