Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-06-28 07:48:08
#ဇွန်လ (၂၉)ရက် / အင်္ဂါနေ့ ၂၀၂၁
#ရှင်ပေတရုနှင့်ရှင်ပေါလူး တမန်တော်ကြီးများပွဲနေ့
#ဧဝံဂေလိကျမ်း / ရှင်မာတေဦး (၁၆း ၁၃ - ၁၉)
Posted by M Sulatthtwe

ရဟန္တာ ရှင်ပေတရုနှင့် ရှင်ပေါလူးတို့သည် ကနဦး အသင်းတော်တွင် အရေးပါသော ရဟန္တာကြီး နှစ်ပါး ဖြစ်ပါသည်။ ဘုရားသခင်၏ အမှုတော်ကို စွမ်းစွမ်းတမံ ထမ်းဆောင် ခဲ့ကြသော ပုဂ္ဂိုလ်တော်များ ဖြစ်ကြပါသည်။ အသင်းတော်၏ ယုံကြည်ခြင်းအတွက် ဤရဟန္တာ နှစ်ပါးသည် မတူညီသော စွမ်းဆောင်မှုတို့ဖြင့် အသင်းတော်အတွက်၊ ဘုရားသခင်၏ လူမျိုးတော်တို့အတွက် ဘုရား၏ နှုတ်ကပတ်တော် သတင်းကောင်းကို ယေရုဇလင်၏ အနောက်ဘက် ဆီးရီးယား၊ ထို့နောက် ရောမမြို့တွင် ဘုရားသခင်၏ အသက်ပေး နှုတ်ကပတ်တော်ကို ဟောပြော ခဲ့ကြသည်။ နောက်ဆုံး ရောမမြို့တွင် ဘုရားသခင် အတွက် မိမိ၏ အသက်ကို ပေးလှူ ခဲ့ကြသည်။ ယနေ့ အသင်းတော်မှ ဤရဟန္တာ နှစ်ပါး၏ ပွဲနေ့ကို ကျင်းပခြင်းအားဖြင့် ကာသိုလိပ် အသင်းတော်သည် လူတစ်ဦး တစ်ယောက် တည်ထောင်ထားသော အသင်းတော် မဟုတ်၊ ခရစ်တော်သခင် ကိုယ်တော်တိုင် တည်ထောင် ထားတော်မူသော အသင်းတော် ဖြစ်ပါသည်။ ခရစ်တော် သခင်မှစ၍ တမန်တော်ကြီး ၁၂ပါးအားဖြင့် ခေတ်အဆက်ဆက် ဆင်းသက်လာသော တစ်ပါးတည်းသော သန့်ရှင်းသော ကက်သလစ် သာသနာတော် ဖြစ်ပါသည်။ လူသားများအတွက် ဤအသင်းတော်သည် နောင်တမလွန် မိုးကောင်းကင် ထာဝရသုခ ချမ်းသာအတွက် သက်သေခံနေသော သာသနာတော် ဖြစ်ပါသည်။ ကျွန်ုပ်တို့ ဘာသာသူများ အနေဖြင့် ဘုရားသခင်၏ နှုတ်တော်ထွက် စကားကို လက်တွေ့ ကျင့်ကြံ အားထုတ် ရမည်ဖြစ်သည်။ စိန်ခေါ်မှု အပြည့်နှင့် ရင်ဆိုင်နေရသော မျက်မှောက်ခေတ် ကာလတွင် “ပေတရု” “ကျောက်ဆောင်” ဟူသော အသင်းတော်၌ နတ်ဆိုး၊ မကောင်းမှုကို ရှောင်ကြဉ် နိုင်ရန်အတွက်၊ အောင်မြင် နိုင်ရန်အတွက် ကိုယ်တော်၏ ကျေးဇူးတော် လိုအပ်ပါသည်။ ဤဆုကျေးဇူးတော်ကို ရရှိနိုင်ရန် ဆက်လက်၍ ဆုတောင်းကြပါစို့။

#စစ္စတာရ် ဖလောရင်းရွှေ (SPC)

 

 

Daily Reflection