လူတိုင်းမှာ အထူးသဖြင့် ခရစ်ယာန်တွေမှာ စုံစမ်းနှောက်ယှက်ခြင်းဆိုတာ ကြုံတွေ့ရတယ်။ ဥပမာ-ကျောင်းသူ၊ ကျောင်းသားတွေ ကြုံတွေ့ရတဲ့ “Test” လို ဘယ်လောက် အရည်အချင်း ရှိသလဲ။ သင်ထားပြီးသားတွေကို သူဘယ်လောက် နားလည်သလဲ ဆိုတာမျိုးပါ။ ပထမကျမ်းစာမှာပါတဲ့ အာဗြံဟံကို ဘုရားက သူ့ရဲ့ တစ်ဦးတည်းသောသား ပူဇော်ဖို့အတွက် တောင်းဆိုတယ်။ အာဗြံဟံကလည်း မငြင်းဆိုဘဲနဲ့ ရက်ရက်ရောရော ပူဇော်ဖို့အတွက် သဘောတူပါတယ်။ ဒီနေရာမှာ အာဗြံဟံဆီကနေ “Not refuge” မငြင်းဆိုမှုနဲ့ သူ့ရဲ့ယုံကြည်ခြင်းနဲ့ တွဲနေတဲ့ “Obedience” နားထောင်ခြင်းကို “Action” လုပ်ဆောင်မှုတွေနဲ့ တွေ့ရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့ ကြုံတွေ့ရတဲ့ စုံစမ်းခြင်းတွေ၊ စာမေးပွဲတွေကို မဖြေဘူးဆိုရင် ကျွန်ုပ်တို့ ဘယ်လောက် နားလည်သလဲ ဆိုတာ တိုင်းတာလို့ မရပါဘူး။ ဒါအပြင် အာဗြံဟံက သူ့အပေါ် ဘယ်လောက် ယုံကြည်မှု ရှိသေးလဲ၊ နားထောင်ခြင်း ရှိသေးလဲ၊ ဘယ်လောက် လုပ်ဆောင် နိုင်သေးလဲ ဆိုတဲ့ မေးခွန်းကို ဖြေရပါတယ်။ သူ့ရဲ့ မငြင်းဆိုဘဲနဲ့ လုံးလုံးလျားလျား သဘောတူညီမှု အပေါ်မှာ ဘုရားသခင်က “Blessing” ပေးပါတယ်။ အဲဒါကတော့ သူ့ရဲ့ သားစဉ်မြေးဆက်အထိ ကောင်းကြီးပေးမယ်ဆိုတဲ့ ကတိစကား ဖြစ်တယ်။
ဧဝံဂေလိကျမ်းစာကို ဆက်ကြည့်မယ်ဆိုရင် အာဗြံဟံရဲ့ နားထောင်ခြင်းပါတဲ့ ယုံကြည်ခြင်း၊ ယုံကြည်ခြင်းပါတဲ့ နားထောင်ခြင်းနဲ့ ဆက်နွယ်နေပါတယ်။ ကျွန်ုပ်တို့ အိုသည်၊ နာသည်ဖြစ်စေ၊ ဆင်းရဲသည်၊ ချမ်းသာသည်ဖြစ်စေ ယုံယုံကြည်ကြည်နဲ့ ဘုရားသခင်ဆီ ချဉ်းကပ်တဲ့အခါမှာ ဘုရားက ကောင်းကြီးပေးနေတယ် ဆိုတာကို ဒီနေရာမှာ သင်ခန်းစာ ယူလို့ရပါတယ်။ ကျွန်ုပ်တို့ ခရစ်ယာန်တွေရဲ့ ယုံကြည်ခြင်းဆိုတာ ဘုရားနဲ့ ပဋိညာဉ်ဖွဲ့ထားတဲ့ သက်သေတစ်ခုဖြစ်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ အားလုံးကို စိန်ခေါ်နေတဲ့ အချက်က ဘာလဲဆိုရင် ဘုရားနဲ့ ကျွန်ုပ်တို့ကြားမှာ ယုံကြည်မှု၊ နားထောင်မှုနဲ့ တည်ဆောက်ထားတဲ့ ပဋိညာဉ်ကို မျက်ကွယ်မပြုဘဲ ရှိတာထက် ပိုပြီးကြီးပွားအောင်၊ တိုးတက်အောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်။ အနှစ်ချုပ်ကို ကြည့်မယ်ဆိုရင် ယုံကြည်ခြင်းနဲ့ ဘုရားပြောတာတွေကို နားထောင်မယ်၊ သူတတ်နိုင်တယ်ဆိုတဲ့ ချဉ်းကပ်မှုကို ပြမယ်ဆိုရင် ကောင်းကြီးတွေအပြင် ခံစားနေရတဲ့ စိတ်ဒဏ်ရာ၊ ကိုယ်ဒဏ်ရာတွေပါ ကုသခြင်း ခံရမယ်။ အနာဂတ်မှာလည်း အာဗြံဟံလိုပဲ ကျွန်ုပ်တို့အပြင် ကျွန်ုပ်တို့နဲ့ ဆက်နွယ်နေတဲ့၊ ပတ်သတ်နေတဲ့ လူတွေ ကျွန်ုပ်တို့ အနာဂတ်တစ်ခုလုံးကို ဘုရားသခင်က သူ့တာဝန်ယူပါ့မယ်၊ ကောင်းကြီးပေးမယ်ဆိုတဲ့ ကတိကို ကျွန်ုပ်တို့ ခံစားရရှိမှာ ဖြစ်ပါတယ်။
#Fr.ရောဘတ် ကျော်သူ (MSP)